Skip to main content

May 14, 2024

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2024

နိုင်ငံခြားရေးဝန်ကြီးဌာနမှဖွင့်လှစ်သည့် အဆင့်မြင့်သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၇/၂၀၂၄) နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမနှင့် ရန်ကုန်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာခန်းမတို့တွင် တစ်ပြိုင်တည်းကျင်းပရာ ဒုတိယဝန်ကြီးဦးလွင်ဦးက နေပြည်တော်၌တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မရမ်းကုန်းမြို့နယ်ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးဦးစီးဌာန ကမ္ဘာအေးစာပုံနှိပ်တိုက်သို့ သွားရောက်စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2024

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၁ ရက် နံနက် ၈ နာရီခွဲတွင် ရပ်စောက်မြို့ ဗထူးရပ်ကွက်အနီးတွင် သတင်းအရစောင့်ဆိုင်းနေစဉ် တင်ထွန်းဦး (ခ)ကိုနိုင် မောင်းနှင်ပြီး မိုးကျော်သူလိုက်ပါလာသည့် ခြောက်ဘီးမော်တော်ယာဉ်နှင့် ခွန်ကျော်သူ မောင်းနှင်လာသည့် ခြောက်ဘီးမော်တော်ယာဉ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အဆိုပါ ယာဉ်နှစ်စီးပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide ၁၀၀၀၀ ကီလို (၁၀ တန်) ကိုလည်းကောင်း၊ ထို့ပြင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မေ ၁၂ ရက် ညနေ ၆ နာရီ ခွဲတွင်တာချီလိတ်မြို့ ဆေခမ်းရပ် ကွက်မြို့ရှောင်လမ်းတွင် အိုက်ခုန်းမောင်းနှင်ပြီး စိုင်းခမ်းရှဲန် လိုက်ပါလာသည့် HONDA CRV အမျိုး အစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ကို လည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် မေ ၁၁ ရက် ညနေ ၅ နာရီတွင် လားရှိုးမြို့ ရပ်ကွက်(၁၂)၊ နယ်မြေ (၁၃)၊ ကောင်းဆာလမ်းနှင့် လားရှိုး- သိန္နီသွားကားလမ်းမကြီးထောင့်တွင် စိုင်းအွမ်ခမ်း(ခ)အိုက်အွမ် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၅ နာရီခွဲတွင် လားရှိုးမြို့ရပ်ကွက်(၁၂)၊ နယ်မြေ (၁၃) ကောင်းဆာလမ်းရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2024

လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှုစနစ် လုပ်ငန်းစဉ်များသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဦးစားပေး၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals-SDG) တွင် ပါရှိသည့် ကျန်းမာရေးကဏ္ဍ နှင့်သက်ဆိုင်သည့် ပန်းတိုင်အမှတ်စဉ်- ၃ ဖြစ်သည့် အသက်အရွယ်မရွေး လူတိုင်းကျန်းမာသည့်ဘဝ ရရှိစေရေးဆိုသည့် ရည်မှန်းချက်ကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီရေးအတွက် မြန်မာနိုင်ငံအနေ ဖြင့်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2024

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိသစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ၊ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် လုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် သယံဇာတရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးဖြစ်ပွားသည့် တိုက်ပွဲများတွင် တပ်မတော်မှဓာတုအဆိပ်သင့်ဗုံးများဖြင့် မေ ၈ ရက်က ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမားများ မူးမော်ခြင်းနှင့် အော့အန်ခြင်းဝေဒနာများ ခံစားခဲ့ရကြောင်း ကောလာဟလသတင်းမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်းနှင့်အတူ မန္တလေးပညာရေး ဒီဂရီကောလိပ်သို့ ရောက်ရှိပြီး စာသင်ခန်းများတွင် ဘီအီးဒီ စာပေးစာယူသင်တန်း (၃/၂၀၂၃) ဒုတိယနှစ် သင်ကြား၊ သင်ယူနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ယခုသင်တန်းသည် နောက်ဆုံးအသုတ်ဖြစ်သည့်အားလျော်စွာ သင်တန်းပြီးဆုံးပြီးနောက် ဘီအီးဒီဘွဲ့ရရှိပြီးပါက အထက်တန်းပြဆရာတာဝန်များကို တာဝန်ကျရာဒေသများတွင် ထမ်းဆောင်ကြစေလိုပါကြောင်း မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2024

(၁) အကြင်သူသည်ကုသိုလ်တရားတို့၌ လျင်မြန်စွာသိမြင်နိုင်သော ဉာဏ်ပညာရှိ၏။ ကြားနာသိမှတ်ထားအပ်ကုန်ပြီးသော ပရိယတ္တိတရားတို့ကို နှုတ်တက်အရ ဆောင်နိုင်သောသဘောရှိ၏၊ နှုတ်တက်အရ ဆောင်ထားသောတရားတို့၏ အနက်အဓိပ္ပာယ်ကို စူးစမ်းဆင်ခြင်လေ့ရှိ၏။ ပါဠိအနက်ကိုသိ၍ တရားနှင့်လျော်စွာလည်းကျင့်၏။ ကောင်းသောစကား၊ ကောင်းသောအသံနှင့်ကားမပြည့်စုံ၊ သီတင်းသုံးဖော်တို့အား တရားကိုသိမြင်အောင် ညွှန်ကြားပြသဆောက်တည် စေခြင်းငှါမစွမ်းနိုင်၊ ထိုသူသည် မိမိအကျိုးစီးပွားအလို့ငှါသာကျင့်၍ သူတစ်ပါးအကျိုးစီးပွားအလို့ငှါ မကျင့်သောပုဂ္ဂိုလ်မည်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2024

၁။ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်များကောက်ယူ၍ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို သက်ဆိုင်ရာလဝကမြို့နယ်ရုံးအားလုံး၌ ဥပဒေနှင့်အညီစိစစ်၍ အခမဲ့ဆောင်ရွက်ထုတ်ပေးလျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2024

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ”ကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ဗဟန်းမြို့နယ် အမှတ် (၅၀) ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း စတူဒီယို (၁) ၌ ရုပ်ရှင်ရုံလုပ်ငန်းရှင်များ၊ ထုတ်လုပ်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသရေးဆိုင်ရာကိစ္စများအား ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2024

၁။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ လုံခြုံရေးနှင့်လူမှုဘဝမြှင့်တင်ရေးတို့အတွက် အီလက်ထရောနစ်နည်းပညာအသုံးပြု၍ နိုင်ငံအတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာအချက် အလက်များကောက်ယူကာ UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2024

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပေးနေသည့် UID (Unique Identification Number) ဆိုသည်မှာ နိုင်ငံသားစမတ်ကတ်ပြုလုပ်နိုင်ရန် ယာယီထုတ်ပေး သည့် EID Slip ဖြစ်ပြီး ပြည်ပသို့ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် ထုတ်ပေးနေသည်။ Mobile Team များ ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးရာတွင်လည်း UID နံပါတ် ထုတ်ပေးခြင်းကိုပါ အခမဲ့ဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2024

မြန်မာနိုင်ငံသည် ရေမြေသဘာဝအားဖြင့် ထူးခြားဆန်းကျယ်လှပသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ အထူးသဖြင့် ပြည်နယ်ဒေသများအားလုံးသည် ရေမြေသဘာဝကောင်းမွန်မှုနှင့် တောတောင်ရှုခင်းအလှအပများ တစ်မူထူးခြား ကောင်းမွန်မှုကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်း/ပြည်ပ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းများ ပိုင်ဆိုင်ထားသည်။ သို့သော် ဒေသတည်ငြိမ်အေးချမ်းမှုကို ထိခိုက်ဖျက်ဆီးမှုများကြောင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2024

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ သည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2024

တပ်မတော်တွင် ဆဋ္ဌမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု တတိယနေ့ကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) ၊ အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2024

တပ်မတော် (ရေ) က ၂၀၂၄ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် ရန်ကုန်မြို့ရှိ တပ်မတော် (ရေ)၊ လှေလှော်ရွက်တိုက်အသင်း (အင်းလျားကန်)၌ စခန်းပေါင်းစုံ ရေတပ်သားအချက်ပြ ဆက်သွယ်ရေးဆိုင်ရာပြိုင်ပွဲများနှင့် လှေလှော်ရွက်တိုက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ကြသည်။ ထိုသို့စခန်းပေါင်းစုံပြိုင်ပွဲ ယှဉ်ပြိုင်မှုများကို တပ်မတော် (ရေ) မှအရာရှိကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းအုပ်ချုပ်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်