Skip to main content

May 12, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီတော်အနီးရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပန်းတနော်မြို့နယ် အင်းမကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိပြီး မအူပင်ခရိုင် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်း၍ ဒေသခံပြည်သူများအား ကျန်းမားရေး စောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2024

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ယင်းဥပဒေအား အသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။  

ဆက်လက်ဖတ်ရှုရန်

May 12, 2024

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် အခွန်လျှော့ပေါ့စေရန်ရည်ရွယ်၍ စာရင်းများအား လိမ်လည်ပြုစုတင်ပြလာကြောင်း စိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်း Safe Migration က အသိပေးကြေညာထားသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2024

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည့် ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ ဝစီပိတ်ဆရာတော်နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်ရှိ အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးနှင့် သတ္တသတ္တာဟမဟာဗောဓိစေတီတော်မြတ်ကြီးတို့သို့ သွားရောက်ဖူးမြော် ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2024

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့ရှောင်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်းနေရာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2024

​​​​​​​ကမ္ဘာတစ်ဝန်းရှိ မကျန်းမာသူများနှင့်လူနာများကို ကုသစောင့်ရှောက်မှုပြုကြရာတွင် ဆရာဝန်များက ကုသမှုကိုတာဝန်ယူ၍ သူနာပြုများက ပြုစုစောင့်ရှောက်မှုကို တာဝန်ယူကြရသည်။ နယ်မြေဒေသအကျယ်အဝန်းနှင့် လူဦးရေအရ လိုအပ်သည့် ဆရာဝန်အချိုးအစားကို မည်သည့်နိုင်ငံတွင်မှ လုံလောက်အောင် ရရှိနိုင်မည်မဟုတ်ပေ။ အထူးသဖြင့် ဝေးလံခေါင်ပါး ခက်ခဲကြမ်းတမ်းသောဒေသများတွင် ဆရာဝန်ရရှိရေး အလွန်ခက်ခဲသဖြင့် သူနာပြုများကိုသာ အားကိုးအားထားပြုကြရသည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2024

မိုးကြိုကာလ ဧပြီ၊ မေလများသို့ ရောက်သည်နှင့် မြန်မာနိုင်ငံအနှံ့အပြား လေပြင်းတိုက်ခတ်မှုနှင့် မိုးကြိုးဘေးအန္တရာယ်ကြောင့် လူနှင့် ကျွဲ၊ နွားတိရစ္ဆာန်သေဆုံးမှုသတင်းများ ကြားသိလာရပြီဖြစ်သည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုများ အကြိမ်ရေနှင့် ပြင်းထန်မှုတို့ မြင့်တက်လာလျက်ရှိရာ မိုးကြိုးဘေးအန္တရာယ်သည်လည်း မြင့်မားလျက်ရှိပြီး မိမိတို့နိုင်ငံတွင် နှစ်စဉ် လူ ၁၀၀ ကျော် မိုးကြိုးကြောင့် သေဆုံးနေကြရသည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2024

အကြမ်းဖက်သမားများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှုရပ်တန့်စေပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2024

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာကို မေလ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်က ရဟတ်ယာဉ် ၂ စီး၊ ဂျက်ဖိုက်တာ ၁ စီး ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး၊ ရေကြောင်းမှလည်း စစ်သင်္ဘောများဖြင့် လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့သည်ဟု အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသားကာ ဝါဒဖြန့်နေသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့်အတူ မေ ၈ ရက် နံနက်ပိုင်းက ဖျာပုံမြို့နယ် ကျုံကဒွန်းစိုက်ကွင်း၊ ကြက်ဖမွေးဇောင်း ရေငန်တားကျွန်းပတ်တာနှင့် ရေချိုသွင်းနိုင်မည့် ရေသွင်းရေတံခါးများ တည်ဆောက်မှုလုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း၌ ဆောင်ရွက်လျက်ရှိသည့် Transportation Square စီမံကိန်း၊ Green City အိမ်ရာစီမံကိန်း၊ ကနောင်အိမ်ရာအပိုင်း(၂) စီမံကိန်း၊ ရိုးမရိပ်သာအိမ်ရာစီမံကိန်းနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)ရှိ အောင်မြင့်မိုရ် အိမ်ရာစီမံကိန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မေ ၈ ရက် နံနက်ပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံမှ နည်းပညာအထောက်အပံ့ဖြင့် ဖွင့်လှစ်သည့် မန္တလေးမြို့ရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် Myanmar Institute of Information Technology (MIIT)သို့ ရောက်ရှိပြီး အဆိုပါတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2024

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ(ရေနီ)သို့ ရောက်ရှိပြီး စပါးစိုက်ပျိုးတောင်သူများ၊ MSME လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိသည့် ကောက်ရိုးမှပျော့ဖတ်များ တစ်ပိုင်တစ်နိုင် ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်ခွဲခန်းသုံးပစ္စည်းများဖြင့် ကောက်ရိုးမှပျော့ဖတ် ထုတ်လုပ်သည့်လုပ်ငန်းစဉ်အဆင့်ဆင့်၊ စမ်းသပ် ထုတ်လုပ်သည့် ပျော့ဖတ်အရည်အသွေးတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

May 11, 2024

၂၀၂၄ ခုနှစ် မေ ၁၁ ရက်တွင် ထိုင်းနိုင်ငံဗန်ကောက်မြို့၌ ကျင်းပပြုလုပ်မည့် (၄၃)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီအထွေထွေညီလာခံသို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2024

မြန်မာ့မွေးမြူရေးကဏ္ဍအတွက် တိရစ္ဆာန်အစာလိုအပ်ချက်ပမာဏကို ပြည်တွင်းကုန်ကြမ်းဖြင့် လုံလောက်စွာ ထုတ်လုပ်ပြီး ပြည်ပမှတင်သွင်းသည့် အစာကုန်ကြမ်းများ၏ အရည်အသွေး၊ ဈေးနှုန်းတို့နှင့် ယှဉ်ပြိုင်နိုင်မှုရှိစေရေး အထောက်အကူဖြစ်စေမည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်သော “မွေးမြူရေးအစာလိုအပ်ချက် အလုပ်ရုံဆွေးနွေးပွဲ”ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Abhay Thakur အား ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်