May 16, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ မကြာမီဖွင့်လှစ်တော့မည်ဖြစ်ပြီး အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်အမီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 16, 2024
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဆင်ဟွာသတင်းအေဂျင်စီတို့ လုပ်ငန်းသဘောတူညီချက် Service Provision Agreement သတင်းဝန်ဆောင်မှု အသုံးပြုခြင်း စည်းကမ်းချက်ဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အားပေးသည်။
May 16, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
May 16, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Alounkeo KITTIKHOUN ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အကြား ပူးတွဲအစည်းအဝေးတစ်ရပ်ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
May 16, 2024
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာအသက်ဝင်ခဲ့သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် မိမိနိုင်ငံကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီး ဥပဒေနှင့်အကျုံးဝင်သူများအားလုံး ကာကွယ်ရေးတာဝန်ကို သတ်မှတ်ချက်အတိုင်းထမ်းဆောင်ကြရသည်။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြပြီဖြစ်သည်။
May 16, 2024
ယခုရက်ပိုင်းအတွင်း မိုး/ဇလက ထုတ်ပြန်ပေးသည့် အမြင့်ဆုံးနေ့အပူချိန်များစာရင်းတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ မြို့များဖြစ်သော ချောက်နှင့်မကွေးတို့က ထိပ်ဆုံး၌ပါဝင်နေသည်။ ပြီးခဲ့သည့် ဧပြီလမှစကာ ချောက်နှင့်မကွေးအပါအဝင် မင်းဘူး၊ ညောင်ဦး၊ စစ်ကိုင်း၊ မန္တလေး၊ မုံရွာမြို့များတွင် နေ့အပူချိန်များ မြင့်တက်ခဲ့ကာ ကမ္ဘာ့အပူဆုံးမြို့များစာရင်း၌ပင် ပါဝင်ခဲ့သည်။
May 15, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Alounkeo KITTIKHOUN နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM HOURN ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
May 15, 2024
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် မေလ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်မည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံလေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
May 15, 2024
ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း(၁/၂၀၂၄) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သို့ လေ့လာရေးခရီးသွားရောက်ကြသည်။ ဦးစွာ လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များ၊ လေယာဉ်ပျံသန်းမှုနှင့်သက်ဆိုင်သော အထွေထွေဗဟုသုတများ၊ တပ်မတော်(လေ)တွင် အသုံးပြုလျက်ရှိသော လေယာဉ်များအကြောင်းကို တပ်မတော်(လေ)က တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသကြသည်။
May 15, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
May 15, 2024
မြန်မာ့ပင်လယ်ပြင်အတွင်း ကိုကိုးကျွန်း၏အနောက်မြောက်ဘက် ၆၉ မိုင်ခန့်အကွာ၌ အိန္ဒိယနိုင်ငံ၊ Dhamra Port မှ တရုတ်နိုင်ငံသို့ထွက်ခွာလာသော တရုတ်နိုင်ငံပိုင် CHANG HANG HAO HAI အမည်ရှိ ကုန်တင်ရေယာဉ်ကြီးပေါ်မှ ရေယာဉ်အမှုထမ်းတစ်ဦးသည် မေလ ၁၄ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် အမြင့်မှပြုတ်ကျ၍ စိုးရိမ်ရသည့်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အရေးပေါ်ဆေးကုသရန် လိုအပ်ကြောင်း MRCC မှတစ်ဆင့် အကူအညီတောင်းခံလာခဲ့သည်။
May 15, 2024
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ လင်းသီကျေးရွာကို မေလ ၁၄ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ရသည်ဟု တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။
May 15, 2024
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက်စီးနင်းပြီး နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးကာ နွားများကိုပစ်သတ်ခဲ့ကြကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မမှန်လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။
May 15, 2024
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်္ဂလာဒုံမြို့နယ် ငုဝါလမ်း ဉာဏရပ်ကွက် ခြံအမှတ်(၁၆၉)၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကလေးကစားစရာပစ္စည်းမျိုးစုံ ကီလိုဂရမ် ၁၂၀၀ အပါအဝင် ကုန်ပစ္စည်း ခြောက်မျိုး စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၈၇၅၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
May 15, 2024
၂၀၂၃ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ ကျင်းပသည်။
May 15, 2024
သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင်သုတေသီများ၊ တိုင်းဒေသကြီး/ပြည်နယ် စိုက်ပျိုးရေးဦးစီးမှူးများ၊ အထူးဖိတ်ကြားထားသော အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
May 15, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် အွန်လိုင်းဖြင့် တွေ့ဆုံသည်။
May 15, 2024
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။
May 15, 2024
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲ ကြုံတွေ့နေရပါက မည်သို့သော အခြေအနေဖြင့် ကြုံတွေ့နေရသည့်တိုင် နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများ ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိရေး ဆောင်ရွက်ပေးလျက်ရှိသည်။
May 15, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးနှင့် ခရိုင်ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ ထန်းတပင်နှင့် ဒိုက်ဦးမြို့နယ်ဦးစီးမှူးများ၊ စာကြည့်တိုက်သင်တန်းတက်ရောက်နေသည့် မြို့နယ်ဦးစီးမှူးများအား တွေ့ဆုံမှာကြားသည်။