May 31, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
May 31, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု လူငယ်စာပေ ပထမဆုရရှိသည့် စာရေးသူ ဆောင်းချစ်၏ “ချယ်ရီလက်ဆောင် ပန်းလက်ဆောင်” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
May 31, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စံနှုန်းမီစာကြည့်တိုက်များ ပေါ်ထွန်းရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 31, 2024
(၂၅) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆပ်ကော်မတီအစည်းအဝေး (25th ASEAN Sub-Committee Meeting on Information) ကို မေ ၂၉ ရက်မှ ၃၀ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့ရှိ Sokhalay Angkor Resort Hotel ၌ ကျင်းပရာ မြန်မာနိုင်ငံ - အာဆီယံပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
May 31, 2024
စက်မှုဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 31, 2024
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (သန်လျင်) ၌ အသစ်တည်ဆောက်ပြီးစီးခဲ့သော ကျောင်းသားဆောင် (သံလွင်ဆောင်) နှင့် ကျောင်းသူဆောင် (မြရည်နန္ဒာဆောင်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်ပင်မဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 31, 2024
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
May 31, 2024
၂၀၂၄ ခုနှစ် ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်းပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မှော်ဘီလေတပ်စခန်း အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော် (လေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး ကာကွယ်ရေးဦးစီးချုပ် (လေ) ကိုယ်စား ဗိုလ်မှူးချုပ် ကျော်သက်နိုင်က အမှာစကားပြောကြားသည်။
May 31, 2024
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစတင်၍ သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြုချက်မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် မေ ၃၀ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ ( ၃/၂၀၂၄) ဖြင့် ထုတ်ပြန်ထားသည်။
May 31, 2024
အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းသိုလှောင်ခွင့်ပြုသည့် ကုန်ပစ္စည်းအုပ်စုစာရင်းကို ယနေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သော သတင်းလွှာ (၂ / ၂၀၂၄) ဖြင့် ထုတ်ပြန်ထားသည်။
May 31, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
May 31, 2024
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက် Essential Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD ATTO 3 EV အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Qingdao CRRC Sifang Rolling Stock Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
May 31, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာကြည့်တိုက်နှင့် စာပေဗိမာန်စာအုပ်ဆိုင်တို့ကို ကြည့်ရှုစစ်ဆေးပြီး အရာထမ်းများနှင့် တွေ့ဆုံသည်။
May 31, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ပြင်ဦးလွင်မြို့၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ပြင်ဦးလွင်မြို့ သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
May 31, 2024
နည်းပြများအနေဖြင့် မိမိတို့တတ်မြောက်သင်ကြားထားသည့်၊ စာပေပညာ၊ စစ်ပညာများကို ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများနှင့် ပေါင်းစပ်ချိန်ထိုး၍ စနစ်တကျ သင်ကြားလေ့ကျင့်ပေးပြီး စိတ်ဓာတ်ခိုင်မာကောင်းမွန်သည့် နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့်၊ ပြည်သူက အားကိုးရသည့် အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ရမည်ဖြစ်သကဲ့သို့ သင်တန်းသား အရာရှိငယ်များ၊ ဗိုလ်လောင်းများအနေဖြင့်လည်း စိတ်ဓာတ်ခံယူချက်ကောင်းစွာဖြင့် သင်ယူလေ့လာ၍ နိုင်ငံတော်နှင့် တပ်မတော်ကို ပြန်လည်အကျိုးပြုနိုင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် စစ်တက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဗိုလ်လောင်းများအား စစ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
May 31, 2024
မြန်မာနိုင်ငံတွင် စက်မှုဇုန်နှင့်ပတ်သက်သည့်ဥပဒေကို ၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် နည်းဥပဒေများကို ၂၀၂၄ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းပြီး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။
May 31, 2024
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို ယခုနှစ် ဒီဇင်ဘာလတွင် အဆင့်အတန်းမြင့်မြင့်မားမား၊ ခမ်းခမ်းနားနား ထည်ထည်ဝါဝါ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်သည်။ အမျိုးသားအားကစားပွဲတော်များကို ၁၉၉၂၊ ၁၉၉၄၊ ၁၉၉၇ နှင့် ၂၀၁၅ ခုနှစ်တို့တွင် ကျင်းပခဲ့ရာ ယခုတစ်ကြိမ်သည် နှစ်ပေါင်း ၃၂ နှစ်အတွင်း ငါးကြိမ်မြောက်ဖြစ်ပြီး နောက်ဆုံးကျင်းပခဲ့သည့်အကြိမ်နှင့် ၁၀ နှစ်နီးပါးခန့် ကွာဝေးလျက်ရှိသည်။
May 30, 2024
တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နယ်မြေခံတပ်ရင်းဌာနချုပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၂၄ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်းနှင့် ဒေသခံပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်း မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားဖွယ် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
May 30, 2024
၁။ Online Social Media Platform များဖြစ်သည့် Facebook၊ Viber ၊ Telegram အစ ရှိသည်တို့ ပေါ်တွင် ID အစစ်အမှန်မဟုတ်သည့် အကောင့် (Fake Account) များအသုံးပြု၍ ဘဏ်များမှ ငွေလဲလှယ်နှုန်းများ တိုးမြှင့်ကောက်ခံနေကြောင်းအပါအဝင် မမှန်ကန်သည့်သတင်းများကို ထုတ်ပြန်ဖော်ပြပြီး ငွေကြေးမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိနေရပါသည်။
May 30, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်အား ပါကစ္စတန်အစ္စလာမစ်သမ္မတနိုင်ငံဆိုင်ရာ အထူး အာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီး ဖြစ်သည်။