Jun 02, 2024
နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ (၁၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ကျင်းပသည်။
Jun 02, 2024
ပြည်သူ့ဆေးရုံကြီး (ပဲခူးမြို့) အောင်သုခလေးထပ်ဆေးကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံကြီး၌ ကျင်းပသည်။
Jun 02, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် အနောက်တောင်တိုင်းစစ်ဌာန ချုပ်မှ ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Jun 02, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မေ ၃၀ ရက်က ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ (ရေနီ)သို့ ရောက်ရှိပြီး အသေးစားစက္ကူစက်ဖြင့် စက္ကူများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Jun 02, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အစည်းအဝေးခန်းမ၌ ဂီတလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂီတအလွှာပေါင်းစုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
Jun 02, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jun 02, 2024
ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေးအတွက် ကုန်စည်စီးဆင်းမှု တည်ငြိမ်ချောမွေ့မှန်ကန်ရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ ကုန်စည်စီးဆင်းမှု မှန်ကန်တည်ငြိမ်ရေးအတွက် ငွေကြေးဈေးကွက် တည်ငြိမ်မှန်ကန်မှုရှိရန်လိုအပ်ပြီး ငွေကြေးဈေးကွက်တည်ငြိမ်မှသာ ပြည်သူလူထုကို နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိသော စက်သုံးဆီမှအစ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုများ တည်ငြိမ်ချောမွေ့စွာ လည်ပတ်နိုင်မည်ဖြစ်သည်။ ငွေကြေးတန်ဖိုးမတည်ငြိမ်လျှင် ငွေကြေးဖောင်းပွမှုဖြစ်လာပြီး ပြည်သူများ၏ နေ့စဉ်လူမှုဘဝတွင် အခက်အခဲများရှိလာနိုင်သည်။
Jun 02, 2024
သမိုင်းဝင်လူ့ယဉ်ကျေးမှုတို့ မစတင်မီကပင် ရှေးဦးလူတို့နှင့်အတူ တေးသီချင်းသီဆိုမှုနှင့် တီးမှုတ်မှုဂီတတို့ ရှိနှင့်ပြီးဖြစ်သည်ဟူ၍ ပညာရှင်များက ယူဆကြသည်။ ကာလနှင့် ဒေသအလိုက် လူသားတို့၏ ယဉ်ကျေးမှုများ တစ်ဆင့်ပြီးတစ်ဆင့် မြင့်သည်ထက်မြင့်လာသောအခါ နိုင်ငံအလိုက်၊ လူမျိုးအလိုက် ကွဲပြားခြားနားသည့် ဂီတများစွာပေါ်ထွန်းလာသည်။ မည်သည့်ဂီတပင်ဖြစ်စေ တူညီသည့်အချက်မှာ သီဆိုသူ၊ နားဆင်သူတို့၏ စိတ်နှလုံးကို ရသခံစားမှုဖြစ်ပေါ်စေနိုင်ခြင်းနှင့် လွှမ်းမိုးနိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။
Jun 01, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၃၁ ရက်နေ့တွင် စီပါကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူ ၁၀ ဦးကို ဖမ်းဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Jun 01, 2024
မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိတို့ဒေသအလိုက် မြို့၊ ရွာများရှိ ဆေးရုံ၊ ဆေးခန်းများ သန့်ရှင်းသပ်ရပ်ပြီး ခြင်၊ ယင်၊ ပေါက်ဖွားမှုမရှိစေရေးနှင့် ဆေးရုံတက်ရောက်ကုသနေသောလူနာများ လေကောင်းလေသန့်ရရှိစေရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အားတက်သရော ဆောင်ရွက်လျက်ရှိကြသည်။
Jun 01, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
Jun 01, 2024
ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲလာမှုဖြစ်စဉ်တို့ကြောင့် သဘာဝဘေးအန္တရာယ်များကို တစ်နှစ်ထက်တစ်နှစ် ရင်ဆိုင်လာရလျက်ရှိရာ ရေခဲတောင်များကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုထိန်းညှိမှုတွင်အရေးပါသော ရေခဲတောင်ဂေဟစနစ်နှင့် သစ်တောများကို ဝိုင်းဝန်းထိန်းသိမ်းခြင်းဖြင့် ဧရာဝတီမြစ်ကြီး၏ ရေဝေရေလဲဒေသတစ်ခုလုံးကို ထိန်းသိမ်းရာရောက်စေမည်ဖြစ်ကြောင်း ခါကာဘိုရာဇီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
Jun 01, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/ တပ်ဖွဲ့အသီးသီးမှ ကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေးခန်းမ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်စိုးမင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
Jun 01, 2024
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စိုးမင်းနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။ ထို့နောက် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
Jun 01, 2024
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်နည်းပညာတက္ကသိုလ် (YTU)၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်သော ကျောင်းဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
Jun 01, 2024
ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်း ကော်မတီ (၁/ ၂၀၂၄) အစည်း အဝေးကို ယနေ့နံနက် ၉နာရီက သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ကျင်းပရာ ဘူမိဥယျာဉ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ကော်မတီအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
Jun 01, 2024
၂၀၂၄ ခုနှစ် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနရှိ Meeting Hall ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးကောင်စီနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့မှ ဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
Jun 01, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝါးတစ်ရာစက်မှုဇုန်ရှိ Very Impressive Prospect Co., Ltd. အားကစားပစ္စည်းထုတ်လုပ်သည့်စက်ရုံနှင့် သာဓုကန်စက်မှုဇုန်ရှိ Myanmar Pou Chen Co., Ltd. ဖိနပ်ချုပ်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် အလုပ်သမားရေးရာညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေမှုနှင့် အလုပ်သမားများ၏ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။
Jun 01, 2024
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအားလုံးတို့တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုလျှော့ချရေး လှုပ်ရှားမှုများဆောင်ရွက်ရန် နှစ်စဉ် မေလ ၃၁ ရက်နေ့ကို “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” (ကမ္ဘာ့ဆေးရွက်ကြီးမသုံးစွဲသောနေ့) အဖြစ် ၁၉၈၉ ခုနှစ် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် သတ်မှတ်ခဲ့သည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲခြင်းကြောင့် ကျန်းမာရေးကိုထိခိုက်စေရုံသာမက ရောဂါအမျိုးမျိုးခံစားကြရပြီး အသက်ဆုံးရှုံးစေနိုင်သည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အများပြည်သူတို့အား သတိပေးနှိုးဆော်လိုခြင်းကြောင့်လည်း ဖြစ်သည်။