Skip to main content

Aug 10, 2025

၂၀၂၅ ခုနှစ် မတ်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် မန္တလေးငလျင်ကြီးဘေးဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် ပြန်လည်ဖြေဆိုသော ၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင် ၂၇ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ၃၃၇၉၁ ဦးရှိသည့်အနက် အောင်မြင်သူ ၁၆၇၆၆ ဦးရှိကာ အောင်မြင်မှုရာခိုင်နှုန်း ၄၉ ဒသမ ၆၂ ရာခိုင်နှုန်းရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2025

(၇၈)ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC ခန်းမ ၌ လယ်ယာမြေဥပဒေဆိုင်ရာ သိကောင်းစရာများခေါင်းစဉ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2025

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်ရောင်း)သို့ရောက်ရှိပြီး မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် သွေးကြောသွင်းဆေးရည်ထုတ်လုပ်ရေးဌာနရှိ အဆောက်အအုံနှင့်စက်ပစ္စည်းကိရိယာများပျက်စီးခဲ့၍ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ သွေးကြောသွင်းဆေးရည်များ ပြန်လည်ထုတ်လုပ်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2025

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ဇူလိုင် ၂၅ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြားလျက်ရှိသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ သားသမီးများ ပညာသင်ထောက်ပံ့ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသစ်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2025

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားရစ် (ခ်) တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများသိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည့် ဖြစ်စဉ်များကို မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ အလှူရှင်များက လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက် www.myanmarearthquake.gov.mm ဝက်ဘ်ဆိုက်အား လွှင့်တင်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2025

မြန်မာနိုင်ငံသည် ရေခံမြေခံ၊ အခြေခံကောင်းများရှိပြီးဖြစ်သည့် နိုင်ငံဖြစ်သည်။ နိုင်ငံတော်၏ လုပ်ငန်းစဉ်များ၊ ရည်မှန်းချက်များ၊ စီမံကိန်းများကို လုပ်ရည်ကိုင်ရည်ရှိသူများ၊ နိုင်ငံတော်ကို ကောင်းမွန်စေလိုသော စေတနာရှိသူများအားလုံး လက်တွဲပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြပါက နိုင်ငံတော်အနေဖြင့် စိန်ခေါ်မှုနှင့်အကျပ်အတည်းများ မည်သို့ရှိသည်ဖြစ်စေ အခက်အခဲမှန်သမျှတို့အား လွန်မြောက်ကျော်လွှားပြီး နိုင်ငံအကျိုးကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2025

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ဆင်နွှဲရတော့မည့်ရက်မှာ နီးသည်ထက်နီးကပ်လာပြီဖြစ်သည်။ ပြိုင်ပွဲဝင်ကြမည့် အားကစားသမားတိုင်းက ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံးယှဉ်ပြိုင်၍ ထိုက်ထိုက်တန်တန်အနိုင်ယူကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ကြရေးအတွက် ယခုအချိန်သည် ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြရမည့်အချိန်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေသည် ၇-၈-၂၀၂၅ ရက်နေ့တွင် ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်ကို ရန်ကုန်မြို့၊ စကားဝါလမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၈-၈-၂၀၂၅ ရက်နေ့မှစတင်၍ ဖွင့်လှစ်ထားရာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ဝမ်းနည်းကြောင်း လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2025

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အား ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2025

လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန လျှပ်စစ်စစ်ဆေးရေးသင်တန်းခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Virtual စနစ်ဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2025

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၁၁) စုဝေးခန်းမ၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး၊ ဒုတိယဝန်ကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနကြီးမှူးများ၊ CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့မွန်းလွဲပိုင်းက အသစ်ဖွင့်လှစ်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)တွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် စိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်ခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2025

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၉)၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရတနာ သိင်္ဃခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ အဖွဲ့ဝင်ဦးစိုးတင့်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မွန်ပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) အစည်းအဝေးခန်းမ၌ အဆိုပါစက်မှုလက်မှုသိပ္ပံမှ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမ များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2025

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ၌ ရှိသော မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေပါ ခံစားခွင့်များရရှိနိုင်စေရေး၊ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းအပြည့်အဝရရှိစေရေးနှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certifi-cate of Identity- CI ) ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံ စမု စခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီနှင့် ချင်းမိုင်တို့တွင် စခန်းလေးခု ဖွင့်လှစ်ပြီး ၂၀၂၅ ခုနှစ် ဩဂုတ် ၆ ရက်မှ စတင်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2025

အစေ့ထုတ်ပြောင်းစပ်မျိုး မျိုးစေ့ထုတ်လုပ်ခြင်းနှင့် မိဘမျိုးများ မျိုးသန့်မျိုးထိန်း မျိုးပွားများခြင်းသင်တန်းကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိစိုက်ပျိုးရေးသုတေသန ဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2025

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ် မေတ္တာအခါတော်နေ့အခမ်း အနားများကို ယနေ့နံနက် ၅ နာရီခွဲမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်