Skip to main content

Feb 27, 2025

PDF အမည်ခံအကြမ်းဖက်အဖွဲ့က စစ်ရေးပစ်မှတ်မဟုတ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာရှိ မဟာပဉ္စမရာမဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ပြီး ကိုရင်များဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၊ ကျောက်စိမ်းခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

မြန်မာ - တရုတ် - ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation)ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်ပြီး တိုက်ဖျက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးလျက်ရှိရာ ယနေ့တွင် အင်ဒိုနီးရှားနိုင်ငံသား (၈၄)ဦးကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

နီပေါနိုင်ငံတွင်ကျင်းပသည့် လေးနိုင်ငံအမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၂၆ ရက်က နီပေါနိုင်ငံ၌ကျင်းပရာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက အိမ်ရှင်နီပေါလက်ရွေးစင် အမျိုးသမီးအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီတို့ ကြီးမှူးကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် ပြည်ပပို့ကုန်မြှင့်တင်ရေးဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

စာရေးဝန်ထမ်း ကြီးကြပ်သင်တန်း အမှတ်စဉ် (၉၇) ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ယနေ့နံနက် ၈ နာရီတွင် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်သော ကျား၊ မ ရေးရာ Gender ဆိုင်ရာ အခြေခံသဘောတရားများ၊ အမျိုးသမီး များအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (Convention on the Elimination of All Forms of Discrimination Against Women - CEDAW)၊ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women - NSPAW)၊ ကဏ္ဍစုံတွင် ကျား၊ မ ရေးရာ ထည့်သွင်းစဉ်းစားခြင်း မဟာဗျူဟာမူဘောင် (ASEAN Gender Mainstreaming Strategic Framework- AGMSF) (2021-2025)၊ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325) အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

“၂၀၃၀ ပြည့်နှစ်တွင် ခွေးမှတစ်ဆင့်ကူးစက်တတ်သော ခွေးရူးရောဂါကြောင့် လူသေဆုံးမှုပပျောက်ရေး” ဟူသော တစ်ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို အကောင်အထည်ဖော်လျက်ရှိရာ ယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်တို့၌ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ကျောင်းကုန်းကျေးရွာနှင့် သံပုရာခြံကျေးရွာရှိ နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်မီးရှို့ခဲ့၍ နေအိမ်အလုံး ၃၀ မီးလောင်ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲနှင့် ပညာပေးဇာတ်လမ်းတို (Short Film ၂-၃ မိနစ်) ဖိတ်ခေါ်ပြိုင်ပွဲများတွင် ခေါင်းစဉ်အဖြစ် အသုံးပြုရန်အတွက် မူးယစ်ဆေးဝါးပပျောက်ရေး ဆောင်ပုဒ် ၅ ခု ရွေးချယ်မည်ဖြစ်၍ အောက်ပါ သတ်မှတ်ချက်များအတိုင်း ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသားများအပေါ် အလေးအနက်ထား တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေသက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့သည် သက်ဆိုင်ရာသံရုံးများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

ရန်ကုန်- မန္တလေး ရထားလမ်းပိုင်းအတွင်း ယမန်နေ့ ည ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ်ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ် ၁၀၇/၁၀-၉ နေရာရှိ အစုန်ရထားလမ်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားလမ်းထိခိုက်ပျက်စီးခဲ့ပြီး ကျောက်တံခါးနှင့် ပိန်းဇလုပ်ရထားလမ်းပိုင်းအား နံနက် ၉ နာရီတွင် ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

အာဆီယံနိုင်ငံများနှင့် ပါကစ္စတန်နိုင်ငံတို့အကြား ပထမဆုံးအကြိမ်အဖြစ် မီဒီယာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၃ ရက်အထိ ပါကစ္စတန်နိုင်ငံ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စခန်းသို့ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ကလေးခရိုင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တပ်ရင်း (၉) မှ တပ်စိတ်မှူးအဆင့်ရှိသူ ဖိုးသင်္ကြန် (ခ) တန်ခူး (ဘ) ဦးချစ်ဖေသည် ၎င်းကိုင်ဆောင်သည့် Type-81 သေနတ်တစ်လက်၊ ၎င်းကျည် ၁၂၅ တောင့်၊ ကျည်အိမ်သုံးခု၊ လက်ပစ်ဗုံးတစ်လုံးတို့နှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်း၍ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူ နှိမ်နင်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက် Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Changan Eado အမျိုးအစား လျှပ်စစ်သုံးယာဉ်များနှင့် Innogen Myanmar Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Aion S Mei 580 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်