Skip to main content

Feb 28, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2025

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2025

“စိုက်ပျိုးကဏ္ဍတိုးတက်ဖို့ ဘက်ပေါင်းစုံမှကြိုးစားစို့” ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာန၏ (၇)ကြိမ်မြောက် စာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ပြီး ယနေ့တွင် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲကို နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့(CPU)၏ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၅)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2025

​​​​​​​မတ် ၂ ရက်တွင် ကျရောက်မည့်(၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မတ် ၁ ရက်မှ ၃ ရက်အထိ ကျင်းပမည့် မျိုးစေ့ပွဲအတွက် စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား) ကျောင်းဝင်းအတွင်း မျိုးစေ့ပြပွဲတာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံမေးမြန်းခြင်းကို ရေးသားတင်ပြလိုက်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Feb 28, 2025

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုများအတွက် National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၇ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြီး MMQR စတင်သုံးစွဲရန် လိုအပ်သည့်အချက်အလက်များ၊ ဆောင်ရွက်မည့်အခြေအနေ၊ အသုံးပြုပုံနည်းလမ်းများနှင့် လုံခြုံစိတ်ချစွာငွေပေးချေနိုင်ရေး ဆောင်ရွက်ထားရှိမှုတို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေရေးကြေးရေးဈေးကွက်၊ ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုဌာနကြီး ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါနှင့် တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2025

ဤအစည်းအဝေးသည် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဧကူနဝီသတိမအစည်းအဝေးဖြစ်၍ အဋ္ဌမအကြိမ် (၆)နှစ်သက်တမ်းပြည့်ပြီးသည့်အားလျော်စွာ အချို့သော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များအတွက် နောက်ဆုံးအစည်းအဝေး ဖြစ်ပါသည်ဘုရား။ လစ်လပ်သွားမည့် ဆရာတော်များနေရာတို့အတွက် အစားထိုးရွေးချယ်ခြင်းများကိုလည်း သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစီမံချက်များနှင့်အညီ ဆောင်ရွက်တော်မူကြရမည်ဖြစ်ပါသည် ဘုရား။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2025

မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၏ (၁၄)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့တာမွေမြို့နယ်ရှိ Sky Star Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2025

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဧကူနဝီ သတိမ အစည်းအဝေးပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2025

ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့တွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2025

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ တောင်ခြေရှိ မင်္ဂလာမုခ်ဦးတွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် တက်ရောက်ဖွင့်လှစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2025

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကိုကိုကျော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး မစ္စစ်ပွန်နမ်ပီရူးမား အာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူးမားအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2025

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ပေကျင်းဟုန်ဖန်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်မှ Mr. Zhou Xiaofeng ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2025

​​​​​​​တပ်မတော်သည် နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွားကို အစဉ်ရှေးရှုပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသည့် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ထိပါးလာမည့် ကိစ္စမှန်သမျှကို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ထက်သန်စွာဖြင့် မှန်ကန်သည့်ရပ်တည်ချက်၊ အမျိုးသားရေးခံယူချက်များဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် သစ္စာစောင့်သိပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2025

​​​​​​​ပိုလီယိုရောဂါ ဖြစ်ပွားလာလျှင် ကုရာနတ္ထိဆေးမရှိ။ သို့ရာတွင် ထိုရောဂါမဖြစ်မီကပင် ရောဂါကာကွယ်ဆေးထိုးနှံ သို့မဟုတ် တိုက်ကျွေးထားလျှင် ရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်သည်။ လိုအပ်ပါက ကလေးများကို အပိုဆောင်းကာကွယ်ဆေး တိုက်ကျွေးထားခြင်းဖြင့် ဘဝတစ်သက်တာအတွက် ကာကွယ်နိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြောင်ကျေးရွာ၌ ရှင်ပြုပွဲပြုလုပ်နေစည် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပြီး ရွာခံ ၁၀ ဦးကို ဖမ်းဆီးသွားကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ဆားကျင်းကျေးရွာ အောင်ချမ်းသာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်အား PDF အမည်ခံအကြမ်းဖက်သမားများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အားပေးထောက်ခံခြင်း၊ ကူညီထောက်ပံ့ခြင်းမရှိသဖြင့် လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ဆရာတော်မှာ ရရှိဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး အဆိုပါကျောင်းအနီးရှိ ကုန်စုံဆိုင်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်