Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဆော်ဒီအာရေဗျ သံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူလာ အယ်လ် စုဘိုင်အား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၁

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် ဆော်ဒီအာရေဗျ သံအမတ်ကြီးမစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူလာ အယ်လ်စုဘိုင်အား ယနေ့မွန်းလွဲ ၃နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးအပေါ်သုံးသပ်ခဲ့ကြပြီး နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြားရှိ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများနှင့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်