(၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ်)
၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် လိုက်နာဆောင်ရွက်ရန်အချက်များကို(၁)စုံလျှင် ကျပ် ၁၀,၀၀၀/-နှုန်းဖြင့် (၁၅-၁၂-၂၀၂၅) ရက်နေ့မှ (၁၃-၁-၂၀၂၆) ရက်နေ့အထိ နံနက် (၀၉:၃၀) နာရီမှ (၁၆:၃၀) နာရီအထိ ရုံးချိန်အတွင်း ရုံးအမှတ် (၇) ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါများကို (၁၄-၁-၂၀၂၆) ရက်နေ့ (၁၆:၃၀) နာရီတွင် နောက်ဆုံးထား၍ ရုံးအမှတ်(၇)၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ တင်ဒါအဖွဲ့ဝင်များရှေ့မှောက်တွင် လာရောက်ပေးသွင်းရန်ဖြစ်ပါသည်။ (သတ်မှတ်ချိန်ထက်ကျော်လွန်သောတင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။)
၄။ အိတ်ဖွင့်တင်ဒါပုံစံ၊ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် ရုံးသုံးစက်ပစ္စည်းများ၏ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ပါလိပ်စာတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
ရုံးအမှတ်(၇) ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်
ဖုန်း ၊ ၀၆၇-၃၄၁၂၃၂၈ ၊ ၀၆၇- ၃၄၁၂၃၂၇၊ ၀၆၇- ၃၄၁၂၄၅၆
