May 14, 2026
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် မြဝတီမြို့နယ်၊ ဖလူး၊ မင်းလက်ပံဒေသတစ်ဝိုက်စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော အောင်ပွဲရ ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။
May 14, 2026
နိုင်ငံတော်အစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ မေ ၁၂ ရက်နှင့် မေ ၁၃ ရက်တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်း ကစားမှုများလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးကို လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့်သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
May 14, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားစက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) သို့သွားရောက်၍ ရထားပို့ဆောင်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
May 14, 2026
၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲ အုပ်စု (A) နောက်ဆုံးနေ့ကို မေ ၁၂ ရက် ညပိုင်းက ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပရာ မြန်မာနှင့် ထိုင်းအသင်း နှစ်ဂိုးစီသရေကျခဲ့သည်။
May 14, 2026
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
May 14, 2026
လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ် အသိပေးနှိုးဆော်ခြင်း
May 14, 2026
နားမကြားသောကလေးများကျောင်းမှ ကျောင်းသား ကျောင်းသူများခေါ်ယူခြင်း
ပြည်ပသို့ ရေငန်ထွက်ကုန်များ အေးခဲတင်ပို့မှုထက် အရှင်တင်ပို့နိုင်ပါက နိုင်ငံခြားငွေတိုးမြင့်ရရှိလာမည်
May 14, 2026
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းနှင့် မြိတ်တို့မှ ပြည်ပသို့ ရေငန်ထွက်ကုန်များကို အေးခဲ၍ နှစ်စဉ်တင်ပို့လျက်ရှိရာ တိုက်ရိုက်အရှင်တင်ပို့နိုင်ပါက နိုင်ငံခြားဝင်ငွေပိုမိုရရှိလာမည်ဖြစ်သည့်အပြင် ရေထွက်ကုန်အရှင်တင်ပို့သော ဈေးကွက်သစ်တစ်ခုရရှိလာမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူမှုဝန်ထမ်းဦးစီးဌာန ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း ကြည့်ရှုစစ်ဆေး
May 14, 2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးကော့မှူးမြို့နယ် ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးသည်။
May 14, 2026
ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်အတွင်း Football For School Program ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် မြို့မဘောလုံးကွင်းတွင် အားကစားသမားများအား သင်ကြားလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
May 14, 2026
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
May 14, 2026
အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်း
၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသို့ ထုတ်ချေးပေး
May 14, 2026
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ဆောင်ရွက်မည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသို့ စတင်ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တက်ရောက်အမှာစကားပြောကြားသည်။
May 14, 2026
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းတို့ သည် မေ ၁၂ ရက်၊ ၁၃ ရက်တို့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၈၃)နှင့် နဝရတ်ခန်းမ၌ အဆင့်မြင့်အရာထမ်းသင်တန်းအမှတ်စဉ်(၂၂)တို့မှ သင်တန်းသား သင်တန်းသူများနှင့် သီးခြားစီတွေ့ဆုံသည်။
May 14, 2026
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ပဲခူးတိုင်းဒေသကြီး အစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
May 14, 2026
ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးအား အစိုးရသစ် ရက် ၁၀၀ အတွင်း ရှေ့ပြေးဥပဒေရုံးများအဖြစ် သတ်မှတ်တိုးချဲ့ဖွဲ့စည်းရန်လျာထားခဲ့ပြီး ယနေ့တွင်နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဇမ္ဗူသီရိမြို့နယ်ဥပဒေရုံး၊ ဥတ္တရသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် ဥပဒေရုံးများကို ရှေ့ပြေးဥပဒေရုံး(Pilot Law Office)များအဖြစ် သတ်မှတ်ဖော်ဆောင်ကြောင်း သိရသည်။
May 14, 2026
နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံသို့ အယ်လ်ဂျီးရီးယားပြည်သူ့ဒီမိုကရက်တစ် သမ္မတ မစ္စတာ အက်ဘ်ဒယ်လ်မက်ဂျစ် တက်ဘွန်း ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
May 14, 2026
နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်သူလူထု လူမှုစီးပွားဘဝများပျက်ပြားပြီး ဒုက္ခဆင်းရဲအမျိုးမျိုးနှင့် ကြုံတွေ့နိုင်သည်ကို စစ်အတွင်းကာလ၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလများတွင် ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ မျက်မှောက်ကာလတွင် နိုင်ငံရေးအခြေအနေကိုအကြောင်းပြု၍ ပေါ်ပေါက်လာသော အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ခဲ့သည့် နယ်မြေဒေသများမှ ပြည်သူများ၏ဘဝဆင်းရဲဒုက္ခများကို ဒေသခံပြည်သူများသာမက မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး သိရှိကြပြီးဖြစ်သည်။
May 14, 2026
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အချက်အလက်များအရ မြန်မာနိုင်ငံတွင် အသက် ၅ နှစ်အထက် လူဦးရေတွင် ၂ ဒသမ ၂၉ သန်း ( ၇ ဒသမ ၆ ရာခိုင်နှုန်း ) သည် မသန်စွမ်းမှုအနည်းဆုံးတစ်မျိုးမျိုးရှိသည်ဟု သိရသည်။ မသန်စွမ်းမှုအမျိုးအစားအနေဖြင့် တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်ပွားသည့် မသန်စွမ်းမှုအမျိုးအစားများမှာ အမြင်အာရုံ ခက်ခဲသူ ၄ ဒသမ ၁ ရာခိုင်နှုန်း၊ ပစ္စည်းကိုင်တွယ်/ လမ်းလျှောက်/ လှေကားတက် ခက်ခဲသူ ၃ ဒသမ ၁ ရာခိုင်နှုန်း၊ မှတ်ဉာဏ်/ သင်ယူလေ့လာခြင်း ခက်ခဲသူ ၂ ဒသမ ၈ ရာခိုင်နှုန်း၊ အကြားအာရုံခက်ခဲသူ ၂ ဒသမ ၇ ရာခိုင်နှုန်းရှိနေသည်။ ရန်ကုန်တိုင်းဒေသကြီးသည် မသန်စွမ်းလူဦးရေ အများဆုံးဖြစ်ပြီး ၆ သိန်းနီးပါး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၄ ဒသမ ၅ သိန်းကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် ၂ ဒသမ ၆ သိန်းခန့်ရှိသည်။
May 13, 2026
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ မေ ၁၂ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးကို လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
