Skip to main content

May 03, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2021

မြိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2021

နေပြည်တော် မေ ၃ (၂၄)ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် Virtual စနစ်ဖြင့်ကျင်းပရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် နေပြည်တော်မှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2021

နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်း များအား လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2021

(၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

May 03, 2021

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ကို ကိုဗစ်၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 02, 2021

ကယားပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်း သူများ နှင့်သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ခြင်းအခမ်းအနားကို မေ ၁ ရက် နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ ကယားပြည်နယ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 02, 2021

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ ပုလော၊ မြိတ်၊ ကျွန်းစု မြို့နယ်များရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်း များ စစ်ဆေးရန် ဧပြီ ၂၉ ရက် နံနက် ပိုင်းတွင် ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိ သည်။

ဆက်လက်ဖတ်ရှုရန်

May 02, 2021

ပညာရေးဝန်ကြီး ဌာန၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်မှစတင်၍ ပုံမှန် စာသင်နှစ်အတိုင်း ဖွင့်လှစ် မမည်ဖြစ်ကြောင်း၊ ကျောင်း အပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၁ ခုနှစ်၊ မေ ၂၄ ရက် (တနင်္လာနေ့)မှ ၃၁ ရက် (တနင်္လာနေ့)အထိ သတ်မှတ် ထားသဖြင့် ယင်းကာလအတွင်း အတန်းအားလုံး ကျောင်းအပ် နှံကြရန်နှင့် ကျောင်းအပ်နှံရာ တွင် မည်သည့်အခကြေးငွေ မျှ လုံးဝ (လုံးဝ) ကောက်ခံမှုမရှိကြောင်း ကျောင်းအပ်နှံ သည့်ကျောင်းသားအားလုံးကို ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင် ခဲတံများနှင့် coVID19 ကြိုတင်ကာကွယ်ရေး အတွက် Mask နှင့် Face Shieldများကိုအခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှသတင်း ရရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 02, 2021

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အအုံများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်း များအား လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 02, 2021

ဧပြီ ၃၀ ရက် ညပိုင်းနှင့် မေ ၁ ရက်တို့တွင် မြို့နယ်အချို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လုံခြုံ ရေးရဲစခန်းများကို အကြမ်းဖက်လူအုပ်စုများနှင့် လက်နက်ကိုင်သောင်းကျန်းသူများက လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ။

ဆက်လက်ဖတ်ရှုရန်

May 02, 2021

မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးကို ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ပြင်ပလူနာများ အပါအဝင် အတွင်း လူနာများကို ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 02, 2021

တပ်မတော်အနေဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပြီး ပြည်သူလူထု အတွက်အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေး အတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေးအဖွဲ့များ စုစည်းက ဒေသခံပြည်သူလူထု များကို ကျန်းမာရေးစစ်ဆေးပေး ခြင်း၊ လိုအပ်သည့်ကာကွယ်ဆေး များ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများကို ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင် ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 02, 2021

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများ Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင် ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 02, 2021

နိုင်ငံတော်အတွင်း ဆူပူအုံကြွမှုများဖြစ်ပေါ်စေရေးအတွက် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက် ရှိသကဲ့သို့ အဖျက်အမှောင့် ဆောင်ရွက်လိုသူအချို့မှလည်း နိုင်ငံတော်ဆန့်ကျင်ရေးစာသားများအား အများပြည်သူသုံး လမ်းမကြီးများ၊ နိုင်ငံတော်ပိုင်နှင့် အများပြည်သူပိုင် အဆောက်အအုံများပေါ်တွင်ရေးသားခြင်း၊ ဆန့်ကျင်ရေးစာသားပါ ဗီနိုင်းစများ၊ ပိုစတာများ၊ စာရွက်များကို ချိတ်ဆွဲခြင်း၊ လမ်းများပေါ်တွင် ဖြန့်ကြဲခြင်းတို့ဖြင့် နိုင်ငံတော်အတွင်း မတည်မငြိမ် ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည် ကိုတွေ့ရှိရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များကို ဥပဒေနှင့်အညီ ဖြိုခွဲထိန်းသိမ်းလျက်ရှိသကဲ့သို့ ဆန့်ကျင်စာ၊ လှုံ့ဆော်စာ၊ ရေးသားလှုံ့ဆော် ဖြန့်ဝေသူများကိုလည်း နိုင်ငံတော်တည်ငြိမ် ရေးအတွက်ရှေးရှုကာ ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 02, 2021

မတရားအသင်းကြေညာထားသော NUG အမည်ခံ ပြည်ပြေးအစိုးရနှင့် CRPH အမည်ခံ ပြည်ပြေး လွှတ်တော်ကော်မတီတို့၏ ထောက်ပံ့မှုနှင့် ဆူပူအကြမ်းဖက်သူများက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်း သာယာရေးတို့ကို ပျက်ပြားစေရန် ဆောင်ရွက်နေမှုများကြောင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့်ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှစတင်၍ လုံခြုံရေးအား နေ့ညမပြတ် ပြည့်ဝစွာ ဆောင်ရွက်ပေးလျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 02, 2021

ပြည်သူလူထု၏ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး အကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် အခက်အခဲဖြစ်ပေါ်လျက် ရှိသည့် ဒေသအသီးသီးမှ ဝန်ထမ်းများနှင့် ဒေသခံများ၏ တောင်းဆိုမှုအရ တပ်မတော်ဆေးကုသရေးအဖွဲ့များအား စေလွှတ်၍ ဆေးကုသရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်