Skip to main content

Oct 19, 2021

ဆူပူဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း

ဆက်လက်ဖတ်ရှုရန်

Oct 19, 2021

အကျဉ်းထောင် /အချုပ်ထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား/သူ ၁၃၁၆ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု

ဆက်လက်ဖတ်ရှုရန်

Oct 19, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2021

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တို့၏ကြီးကြပ်မှု၊ ပြည်သူ့ကျန်းမာ ရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီအစီအစဉ်ဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ပြည်သူများ က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်အရည် ၂၅ တန် လှူဒါန်းခြင်းကို ယနေ့နံနက် ၁၁ နာရီတွင် အဆိုပါဆေးရုံကြီး၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးများ၊ မန္တလေး အထွေထွေရောဂါကုဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2021

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နှင့် မကွေး တိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာ များ၌ NLD ပါတီ ထောက်ခံသူအစွန်းရောက်အကြမ်း ဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့မှုများကြောင့် ကျေးရွာ များရှိ ဒေသခံပြည်သူများသည် ၎င်းတို့၏ နေအိမ် များတွင် နေထိုင်နိုင်ခြင်းမရှိဘဲ လုံခြုံစိတ်ချရသည့် နယ်မြေခံတပ်ရင်းများတွင် ခေတ္တတိမ်းရှောင် နေထိုင် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2021

ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး ကြပါစို့ဆိုသည့် ဆောင်ပုဒ် နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းစုရပ်များ၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2021

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိ သူများနှင့်အတူ အသက် ၁၂ နှစ်ပြည့်ပြီးသည့် အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးနေသည့် အမှတ်(၈) နှင့် အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းများသို့ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုကာ ကျောင်းသားကျောင်းသူများနှင့် မိဘများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2021

ရန်ကုန်းတိုင်းဒေသကြီး၊ တိရိစ္ဆာန်ဉယျာဉ်(ရန်ကုန်)ကို အများပြည်သူများနှင့် ကလေးသူငယ်များ ကြည့်ရှုလေ့လာနိုင်ရန်၊ တိရိစ္ဆန် ချစ်မြတ်နိုးသူများအစား အစာများ ကျွေးမွေးလှူဒါန်းနိုင်ရန်အတွက် ဖွင့်လှစ်ထားရှိလျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျက်ရှိခြင်းကြောင့် လာရောက်ကြည့်ရှုသူ နည်းပါးပြီး တိရစ္ဆာန်များ အတွက် အစားအစာလုံလောက်မှုတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2021

ကိုဗစ် -၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ဗီဒီယိုကွန့်ဖရင့်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2021

(၃၅) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက် ဥက္ကဋ္ဌများအစည်းအဝေး (35th Chairs' Meeting of the ASEAN Capital Markets Forum) ကို ယနေ့ နံနက် ၇ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွန်ကြားရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2021

ချစ်ခင်လေးစားအပ်တဲ့ တိုင်းရင်းသားမိဘပြည်သူများခင်ဗျာ မကြာခင်ရောက်ရှိ လာတော့မယ့် သီတင်းကျွတ်အခါသမယမှာ အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံ ပါစေကြောင်းနှုတ်ခွန်းဆက်သ မေတ္တာပို့သအပ်ပါတယ်၊ ကျွန်တော်တို့မြန်မာတို့ရဲ့ယဉ်ကျေးမှု ထုံးတမ်း စဉ်လာမှာတော့ နှစ်သစ်ကူးသင်္ကြန်အခါ သမယနဲ့ သီတင်းကျွတ်ပွဲတို့ဟာ အထွဋ်အမြတ်ထားတဲ့ ပွဲများဖြစ်ပါတယ်၊ ကိုဗစ် ကာလမှာ အကြပ်အတည်းများ ရှိနေတဲ့အတွက်ကြောင့် ဒီပွဲအခမ်းအနားတွေကို မလုပ် ဆောင်နိုင်သော်လည်းဘဲ ကျွန်တော်တို့အနေနဲ့ ဒီအခမ်းအနားတွေကို အလေးအနက် ထားပါကြောင်း ပြောကြားလိုတယ်၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာပြုလုပ်ခဲ့ တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲမသမာမှုတွေကြီးမားစွာ ဖြစ်ပွားခဲ့ တာ မိဘပြည်သူများသိရှိပြီးဖြစ်ပါတယ်၊ ရွေးကောက်ပွဲမှာဖြစ်ပွားခဲ့တဲ့ ရှက်ဖွယ်ရာ ကောင်း တဲ့မရိုးသားမှုများဟာ တိုင်းပြည်အတွက် အရုပ်ဆိုးအကျည်းတန်တဲ့ ဖြစ်စဉ် များဖြစ်ပါတယ်၊ ဒါကိုကျွန်တော်တို့ သင်ခန်းစာယူပြီးတော့မှ နောင်မှာဒီလိုမဖြစ် အောင် ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်၊ ဒီမဲမသမာမှုနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေကို စိစစ်တဲ့အခါမှာ ပြည်သူပြည်သား အားလုံးထိခိုက်တာ တွေရော နိုင်ငံတော်အပေါ်မှာထိခိုက်တာတွေရော ဖော်ထုတ်တွေ့ရှိရပါတယ်၊ ဒါကြောင့် တာဝန်ရှိသူများကိုလည်း ဥပဒေနှင့်အညီဆက်လက်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း ကျွန်တော်ပြောကြားလိုပါတယ်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2021

ယနေ့သည် သီတင်းကျွတ်ကာလ အများပြည်သူရုံးပိတ်ရက်ဖြစ်သည်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာအရလည်းကောင်း၊ ဘာသာရေးအစဉ်အလာအရ လည်းကောင်း ရက်ကောင်းကာလရက်မြတ် အချိန်အခါသမယဖြစ်သည်။ ယနေ့သည် သီတင်းကျွတ်ရာသီ အဖိတ်နေ့ဖြစ်သဖြင့် ကောင်းမှု ကုသိုလ်များ စတင်ပြုလုပ်မည့်အချိန်အခါဖြစ်သည်။ ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ ကောင်းမှုကုသိုလ် များနှင့် ပွဲလမ်းသဘင်များ စုံညီလှသောကာလဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2021

ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် တရားတော်များကို ဓမ္မနှင့် ဂိနယဟူ၍ ခွဲခြားထားသည်။ ယင်းအနက် ဓမ္မတွင် သုတ္တန် နှင့် အဘိဓမ္မတို့ ပါဝင်သည်။ ပုဂ္ဂိုလ်သတ္တဝါတို့၏ စရိုက်ဝါသနာကို လိုက်၍ လူအများနားလည်လွယ်သော ဝေါဟာရများကို သုံးကာ ဥပမာ၊ ဥပမေယျ၊ ဂါထာ၊ ပုံဝတ္ထုသာဓကများဖြင့် ပုံဆောင်၍ ဟောကြားသော တရားတော်များကို သုတ္တန်ဟူ၍လည်းကောင်း၊ သုတ္တန္တပိဋကတွင် သာမညအားဖြင့် ဟောပြသည့် အယူဝါဒတို့ကို အသေးစိတ်အကျယ်ဖွင့်ဆိုသည့် တရားတို့ကို အဘိဓမ္မာဟူ၍ လည်းကောင်း၊ သံဃာ့အဖွဲ့အစည်းတွင် လိုက်နာရန်စည်းမျဉ်း စည်းကမ်းများကို ဝိနယဟူ၍လည်းကောင်း ပိဋကတ်သုံးပုံအားဖြင့် သုတ္တန္တပိဋက၊ ဝိနယ ပိဋက၊ အဘိဓမ္မပိဋက ဟူ၍ ခွဲခြားနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 18, 2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍သတင်းထုတ်ပြန်ခြင်း (၁၈-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

ဆက်လက်ဖတ်ရှုရန်

Oct 18, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ ဝင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 18, 2021

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ နှင့်အတူ အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ဆေးဝါးကုန်ကြမ်းစိုက်ခင်းများသို့ ရောက်ရှိပြီး ဆေးဝါးကုန်ကြမ်းပင်မျိုးများ ထိန်းထားနိုင်ရေး စနစ်တကျ ဆောင်ရွက်ကြရန် မှာကြားကာ ငှက်ဖျားရောဂါ ကုသဆေး ထုတ်လုပ်နိုင်ရန် အာတီမီးစီးယာများ စိုက်ပျိုးထားရှိမှု အခြေအနေနှင့် ပျိုးပင်ခြံတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 18, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အကြိမ် (၂၀) မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီ အစည်းအဝေးသို့ နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးရုံးမှ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 18, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 18, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၆ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၄၄ ဦး၊ အမျိုးသမီး ၁၅၆ ဦး၊ စုစုပေါင်း ၄၀၀ ဦးတို့ကို လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 18, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၅၅ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်