Skip to main content

May 31, 2021

အနာဂတ်တွင် လင်းလက်ကြယ်လေးများသဖွယ်ပွင့်လန်းလာမည့် ကလေးသူငယ်၊ လူငယ်လူရွယ် များအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်တော့မည်ဆိုသည့် သတင်းသည် မင်္ဂလာရှိသော သတင်းကောင်းပင်ဖြစ်သည်။ ကလေးသူငယ် ငယ်ရွယ်သူများအဖို့ ကျောင်းပြန်ဖွင့်မည်ဆိုသည့် အတွက် ပျော်ရွှင်နေကြသည်။ စာသင်ကျောင်းများသည် ကလေးသူငယ် ငယ်ရွယ်သူများအတွက် နားခိုရာ၊ ရှင်သန်ရာ၊ ဖူးပွင့်ရာ၊ ပျိုးထောင်ရာ မြေကောင်းမြေမှန် နေရာမှန်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 31, 2021

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်း အပ်နှံရေး ရက်သတ္တပတ်အတွင်း မြို့ အသီးသီး၊ နယ်အသီးသီးတို့၌ ကျောင်းသူ ကျောင်းသားများကို ကျောင်းအပ်နှံ နေကြပြီဖြစ်သည်။ ပြီးခဲ့သည့် စာသင်နှစ်တစ်နှစ်လုံးမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ကျောင်းများပြန်မဖွင့်နိုင်သည့်အတွက် ကျောင်းသူကျောင်းသားများ တစ်နှစ်စာ ပညာရေး ဆုံးရှုံးကြရသည်။ ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးဆုံးရှုံးမှုသည် တစ်နှစ်ပြီးတစ်နှစ် နှစ်များစွာကြာမြင့်မည်ဆိုပါက တစ်ဦးချင်းစီ၏ဘဝတို့တွင် ထိခိုက်နစ်နာမှုများ ကြီးမားစေနိုင်သည့် အလျောက် ကျောင်းများဖွင့်လှစ်၍ ပညာသင်ကြားရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းမှာ ကြိုဆို ရမည့်အရာ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2021

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် မေ ၂၉ ရက်တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၁) ဖြစ်သည့် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း ဘူတာများနှင့် ကုန်းတွင်း ဆိပ် (Dry Port) တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2021

(၂၉-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉၁၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄၅) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၆၁၉,၆၄၂) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၃,၅၇၁) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2021

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ရဲရွာရေအား လျှပ်စစ်ဓာတ်အား ပေးစက်ရုံ၊ ပုသိမ်ကြီးမြို့နယ်ရှိ ၂၃၀ ကေဗွီ ရွှေစာရံ ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ အောင်ပင်လယ်ပင်မ ဓာတ်အားခွဲရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2021

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် အသက် (၈၅) နှစ်အထက် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ခြင်းအခမ်းအနားကို မေ ၂၉ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2021

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက်

ဆက်လက်ဖတ်ရှုရန်

May 30, 2021

ရေရရှိရေးသည် လူနှင့်သက်ရှိ သတ္တဝါအားလုံးအတွက် မရှိမဖြစ်သော အခြေခံ လိုအပ်ချက်များ တွင် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသည့် ညွှန်းကိန်းများ တွင်လည်း အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ထို့ကြောင့်ပင် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များအနက် ပန်းတိုင်(၆) ၂၀၃၀ တွင် လူသားတိုင်း သန့်ရှင်းသောသောက်သုံးရေနှင့် မိလ္လာစနစ် ရရှိရေးနှင့် စဉ်ဆက်မပြတ် စီမံခန့်ခွဲမှုဖြစ်ပေါ်စေရေး”သည် ရည်မှန်းချက် (၁) ရပ်အဖြစ် ပါဝင်နေခြင်းဖြစ်သည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၆)နှင့်အညီ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစ

ဆက်လက်ဖတ်ရှုရန်

May 30, 2021

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ကနန်းဒေသစိတ်ရှိ မံယူးကြီး၊ ယာယူ၊ မံလူ၊ နန်းတပ်၊ ပေကုန်း၊ ပင်ပုံ၊ နန့်မားကျေးရွာအုပ်စုတို့ရှိ ပြည်သူများအသုံးမပြုလိုသည့် တရားမဝင် တူမီးသေနတ်များ၊ လက်လုပ်လေသေနတ်များ သက်ဆိုင်ရာသို့ အပ်နှံပွဲကို ဗန်းမောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ ဖောက်ခွဲရေးလုပ်ရပ်များတွင် အသုံးပြုရန်ရည်ရွယ် ပြုလုပ်ထားသည့် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2021

၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ မြဝတီစားသုံးဆီ သိုလှောင်ကန်ရှေ့ ကမ်းနား လမ်းမပေါ်ရှိ ဘယ်ရီဂိတ်များအား အမျိုးသား ၃ ဦးမှ ဓာတ်ပုံရိုက်နေကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါစားသုံး ဆီသိုလှောင်ကန်ရှေ့တွင် ရပ်တန့်ထားသော 2F/9982 Light Truck ယာဉ်ပေါ်မှ ဓာတ်ပုံရိုက် နေသူ လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်နေ ကျော်သူရ (ခ) ဖိုးရွှေချော၊ (၂၉)နှစ်ပါ အမျိုးသား ၃ ဦးအား တွေ့ရှိရသဖြင့် ထိန်းသိမ်းပြီး စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2021

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ အမှတ်(၇) ရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူးရုံးအား အကြမ်းဖက်သူများက မီးရှို့ခဲ့၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါရုံးအတွင်းရှိ သစ်သားဆက်တီ ၁ စုံ၊ ဘီရို ၃ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၁၂ လုံး၊ ရေပူ/ရေအေးစက် ၁ လုံး၊ စားပွဲ ၂ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2021

COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်း များ ပိတ်၍ စာသင်ကြားမှုများ တစ်နှစ်တာ နှောင့်နှေးကြန့်ကြာခဲ့မှုများ ဖြစ်ပေါ်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ ပညာရည်မြင့်မားရေးတွင် နစ်နာလျက်ရှိခြင်းကြောင့် ယခုအခါ ဇွန်လ ၁ ရက်မှ စ၍ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အစိုးရ၊ ပြည်သူ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက အရှိန်အဟုန်မြှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2021

ကချင်ပြည်နယ်နှင့် ကယားပြည်နယ်အတွင်း၌ ကုန်တင်ရေယာဉ်နှင့် လုံခြုံရေးရဲတပ်ဖွဲ့စခန်း တို့အား လက်နက်ကိုင် သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2021

ကိုဗစ် - ၁၉ ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးကာလ များအတွင်း ဘုရားပုထိုးစေတီ များနှင့် အခြားဘာသာဝင်များ၏ ဘာသာရေးကျောင်းများ ခေတ္တပိတ်ထားခဲ့ရပြီး ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍ ပြန်လည် ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2021

အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အမ်းတောင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2021

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနအောက်ရှိ လူမှုဖူလုံရေး အဖွဲ့မှ ကြီးကြပ်ဆောင်ရွက်လျက် ရှိသော အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၌ အကြီးစားခွဲစိတ် ကုသမှုမှအပ ကျန်အထွေထွေရောဂါများအတွက် မေ ၂၄ ရက်မှ စတင်ကာ ဆေးရုံတက်ရောက် ကုသခံယူနိုင်ရေး စီစဉ်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း ရန်ကုန်အလုပ်သမားဆေးရုံကြီး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2021

တပ်မတော်အနေဖြင့် ဆောင်ရွက် လျက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအနက် ပြည်သူ လူထုအတွက် အဓိကအကျဆုံး ဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူ လူထုများကိုကျန်းမာရေးစစ်ဆေး ပေးခြင်း၊ လိုအပ်သည့် ကာကွယ် ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများ ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင် ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2021

ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ရပ်စောက် မြို့နယ် ဗထူးတပ်မြို့ ဗထူးစမ်းတွင် ငါးမျိုး စိုက်ထည့် ပွဲအခမ်းအနားကို ယနေ့နံနက်၁၀ နာရီက ဇော်ဂျီချောင်းအနီး၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2021

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရဟန်းသာမဏေ သီလရှင် များအတွက် အစိုးရဓမ္မာစရိယနှင့် ပါဠိ ပထမပြန်စာမေးပွဲများကို ဇွန် ၁ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း မကွေး တိုင်းဒေသကြီး သာသနာရေးမှူးရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်