Skip to main content

Jun 03, 2021

နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန်လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်း ရေးကို မလိုလားသည့် ဆူပူအကြမ်းဖက်လူတစ်စုက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်း သိမ်း၍ လိုအပ်သလိုအရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2021

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကျွန်းပြားကျေးရွာအုပ်စု၊ ကျွန်းပြား ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းမှ မူကြိုကျောင်းဆောင် အဆောက်အဦသည် ဇွန် ၁ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2021

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်မှစတင်၍ ဖွင့်လှစ်ပေးခဲ့ရာ ပြည်ထောင်စု နယ်မြေ နေပြည်တော်၌ ကျောင်းသား ကျောင်းသူ များအေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက် ရှိပြီး ကျောင်းအပ်နှံမှုများကိုလည်း ဆက်လက် လက်ခံလျက်ရှိကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဝင်များဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ မောင်ငံရပ်ရှိ မြစေတီ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဓမ္မာစရိယ ဝိနယ ပါဠိပါရဂူ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာ များနှင့် ကျန်းမာရေးဆိုင်ရာများကို မေးမြန်းလျှောက်ထားပြီး ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2021

မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်းသို့ ဦးဝိလာသ(စာရေးဆရာ၊ ကဗျာဆရာ ဝေမိုးကျွန်းလှ)က စာအုပ်များ လှူဒါန်းသည့် အခမ်းအနား ကို ဇွန် ၂ ရက် မွန်းလွဲ ၂ နာရီက အဆိုပါ ဖောင်ဒေးရှင်းရုံးခန်းမ၌ ကျင်းပရာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးညွန့်ဆွေ (စာရေးဆရာ မောင်ဆွေသက်)၊ ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင် (စာရေးဆရာ ကဗျာ ဆရာ မြင်းမူမောင်နိုင်မိုး)၊ဗဟိုအမှုဆောင် ကော်မတီ ဝင်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2021

၂၀၂၁-၂၀၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများအား တစ်နိုင်ငံလုံးအတိုင်း အတာအနေ ဖြင့် ဇွန် ၁ရက်မှ စတင်ဖွင့်လှစ် လိုက်ပြီဖြစ်ရာ မန္တလေးမြို့ရှိ အခြေခံပညာ ကျောင်းအသီးသီး တွင်လည်း ကျောင်းတက်ရန် လာရောက်ကြသည့် ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာ အတန်းအလိုက် ဘာသာရပ် သင်ခန်းစာများကို သင်ကြားပေး နေပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2021

၂၀၂၁-၂၀၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်း အဆင့်နှင့် မူလတန်း အဆင့်ကျောင်းများအား ဇွန် ၁ ရက်မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2021

မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံ ပညာကျောင်းများကို ဇွန် ၁ ရက် တွင် စတင်ဖွင့်လှစ်ခဲ့ရာ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ အခြေခံ ပညာထက်၊ လယ်၊ မူကျောင်းသား ၁၇၂၃၉၉ ဦး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၉၅၃၈ ဦး၊ ကိုယ်ပိုင်ကျောင်း ၁၇၃၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ ဇွန် ၂ ရက်တွင် ကျောင်းသား အရေအတွက် ၂၅၆၈၁၈ ဦး တက်ရောက်ကြကြောင်း တိုင်း ပညာရေးဦးစီးမှူးရုံးမှ သိရ သည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဇွန် ၂ ရက်အထိ ကျောင်း အပ်နှံမှုမှာ စုစုပေါင်း ကျောင်းသား ဦးရေ ၃၈၄၂၆၈ ဦးရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2021

အာဆီယံကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် ဆက်စပ်အဖွဲ့အစည်းများအကြား အာဆီယံ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အာဆီယံ အဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေး(ASLOM) အလှည့်ကျဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးစန်းလွင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2021

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂ ရက်

ဆက်လက်ဖတ်ရှုရန်

Jun 02, 2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် မေ ၃၀ ရက်က မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆည်ရေလှောင်တမံများ၊ မြစ်ရေတင်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2021

ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည် တည်တံ့ ပြန့်ပွားစေရန် အတွက် ငါးမြစ်ချင်း၊ ငါးခုံးမကြီးနှင့် ရွှေဝါငါးကြင်း ငါးကောင်ရေ (၂)သိန်းစိုက်ထည့်ပွဲ အခမ်းအနားကို မေ ၃၀ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ် မြို့ဦး ကင်းတံတား၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2021

နိုင်ငံတော်သို့ အခွန်ပေးဆောင်နေကြသော ကုမ္ပဏီအခွန်ထမ်းများ၏ အခွန်ပေးသွင်းရာတွင် ငွေသား/ ချက် လက်မှတ်ဖြင့် ပေးသွင်းနေမှုအစား အီလက်ထရောနစ် ငွေပေးချေမှုစနစ်များဖြင့် ပြောင်းလဲ ကျင့်သုံးသွားမည့် အစီအစဉ်ကို အသိပေးကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

Jun 02, 2021

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး(၂/၂၀၂၁)ကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2021

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အောင်ရတနာလမ်းနေ ဦးသန်းဦး(ခ)ဦးမြင့်ဌေးနှင့် ဦးမြသန်း(ခ)စွန်ရဲ တို့အား မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဇော်ဇော်အောင် (ခ)အရိုး(ဘ)ဦးကြည်လွင် အပါအဝင် ဆူပူအကြမ်းဖက်သူ ၂၁ ဦးတို့သည် ဝိုင်းဝန်းခြိမ်းခြောက်ဖမ်းဆီး၍ ဦးသန်းဦး (ခ)ဦးမြင့်ဌေး အား တံတားဖြူထိပ်ရှိ ဓာတ်တိုင်တွင် လည်းကောင်း၊ ဦးမြသန်း(ခ) စွန်ရဲ အား တံတားဖြူထိပ်ကုက္ကိုပင်တွင်လည်းကောင်း အသီးသီးကြိုးဖြင့် တုပ်နှောင် ထားပြီး ဝိုင်းဝန်းရိုက်နှက်၍ လမ်းဘေးရှိသော တာယာကွင်းအဟောင်းများအား စုပုံကာ ဓာတ်ဆီဖျန်းမီးရှို့ သတ်ခဲ့ကြခြင်းဖြင့် လူသတ်မှုကို ကျူးလွန်မှု၊ အားပေးကူညီမှုပြုခဲ့ကြသည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၂)/၁၁၄ အရ ၎င်းတို့အား မေ ၃၁ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ်(၂၀)နှစ်” အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2021

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မော်တော် ယာဉ် ၁ စီးအား မီးရှို့ကာ ယာဉ်ပေါ်တွင် လိုက်ပါလာသူများအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခဲ့သဖြင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံးကာ အမျိုးသမီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2021

အကြမ်းဖက်မှုများအား ဆန့်ကျင်သည်ဆိုရာတွင် အကြမ်းဖက်မှု ပုံသဏ္ဌာန်အားလုံးကို ဆန့်ကျင်ပြီးနောက် အကြမ်းမဖက်သည့် နည်းလမ်းကိုသာ ကျင့်သုံးမည်ဆိုခြင်း ဖြစ်သည်။ အကြမ်းဖက်မှုသည် ထိခိုက်မှု တစ်စုံတစ်ရရာဖြစ်ပွားစေသည့် အင်အားအသုံးပြုမှု ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2021

၂၀၂၀ ပြည့်နှစ်အတွင်း ကြော်ငြာခေါ်ယူခဲ့ပြီး ကိုဗစ်-၁၉ ကူးစက် မြန်ရောဂါ အခြေအနေအရ စာမေးပွဲကျင်းပရန် ဆိုင်းငံ့ထားခဲ့သော ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်၊ ၃/၂၀၂၀ပါ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း ၁၀ ခုမှ လစ်လပ်ရာထူး ၁၉၅ နေရာအတွက် ရေးဖြေစာမေးပွဲကို ဇွန် ၂၆ ရက် (စနေနေ့)တွင် မြန်မာစာဘာသာရပ်ကို နံနက် ၉ နာရီမှ ၁၁ နာရီအထိ လည်းကောင်း၊ အင်္ဂလိပ်စာ ဘာသာရပ်ကို မွန်းလွဲ ၁ နာရီမှ ၃ နာရီ အထိ လည်းကောင်း၊ ဇွန် ၂၇ ရက် (တနင်္ဂနွေနေ့) တွင် သုတရေးရာ ဘာသာရပ်ကို နံနက် ၉ နာရီမှ ၁၁နာရီအထိ လည်းကောင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင် စာစစ်ဌာန ငါးခု၌ သတ်မှတ်နေ့ရက်၊ အချိန်များတွင် တစ်ပြိုင်တည်း ကျင်းပ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2021

မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများကို ယနေ့မှစတင်၍ တစ်ပြိုင်တည်း ပြန်လည် ဖွင့်လှစ်ရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်း တို့သည် ယနေ့နံနက် ၉နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းနှင့် ပျဉ်းမနားမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်ကာ သင်ကြားသင်ယူမှု အခြေအနေများကို လှည့်လည် ကြည့်ရှုပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကား ပြောကြားကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် မေ ၂၉ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် စက်မှုလယ်ယာစနစ် ကျလယ်ယာမြေဖော်ထုတ်ရေး လုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်