နေပြည်တော် နိုဝင်ဘာ ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဂျိုအာဖရိတက်စ် ဒီကမ်မာရာ၏ နေရာတွင် မစ္စတာ အန်တိုနီတို ဒဲ အာရာဝီဂျူ၊ အား ခန့်အပ်ရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။
မစ္စတာ အန်တိုနီတို ဒဲ အာရာဝီဂျူကို ၁၉၆၄ ခုနှစ်၊ ဖေဖော် ဝါရီလ ၂၇ ရက်တွင် တီမောလက်စ်တေနိုင်ငံ၊ ဒီလီမြို့၌ မွေးဖွား ခဲ့သည်။
မစ္စတာ အန်တိုနီတို ဒဲ အာရာဝီဂျူးသည် ဒီလီမြို့၊ UNPAZ တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေးဘွဲ့ ကိုရရှိခဲ့ပြီး ၂၀၀၇ ခုနှစ် မှစ၍ တီမောလက်စ်တေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဝင်ရောက်တာဝန် ထမ်းဆောင်ခဲ့သည်။ ၎င်းသည် တီမောလက်စ်တေ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လစ္စဘွန်းမြို့၊ ဟာဗားနားမြို့နှင့် တိုကျိုမြို့တို့ရှိ တီမောလက်စ်တေသံရုံးတို့၌ ရာထူးအဆင့်ဆင့် ဖြင့် တာဝန် ထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် မစ္စတာ အန်တိုနီတို အာရာဝီဂျူးသည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဆိုင်ရာ တီမော လက်စ်တေသံရုံးတွင် သံရုံးယာယီတာဝန်ခံအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။
မစ္စတာ အန်တိုနီတို ဒဲ အာရာဝီဂျူသည် အိမ်ထောင်ရှင်တစ်ဦး ဖြစ်ပြီး သားသမီးငါးဦးရှိသည်။
သတင်းစဉ်