Skip to main content

Jul 24, 2021

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၃-၇-၂၁၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၂၁၇ / ၂၁၁ ဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိအား တစ်ဆက် တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဗဟိုမှ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့်လည်း စိုးရိမ်လွန်ကဲမှုမဖြစ်စေရန် အသိသတိဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ် မည်ဖြစ်ကြောင်း၊ ရောဂါလက္ခဏာဖြစ်ပေါ် လာသူများအနေဖြင့် ဒေသန္တရဆေးခန်း၊ ဆေးပေးခန်းများရှိ ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာ ဆေးရုံများ၊ စောင့်ကြည့်လူနာ လက်ခံစင်တာများ၊ အတည်ပြုလူနာလက်ခံစင်တာများသို့ သွားရောက်ပြသကြရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

ကိုဗစ်-၁၉ ကပ်ရောဂါမှာ တစ်ကမ္ဘာလုံး အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေဆဲဖြစ်သည်။ မြန်မာနိုင်ငံ တွင်လည်း ကိုဗစ်-၁၉ ရောဂါ အရှိန်အဟုန်ဖြင့်ဖြစ်ပွားလျက်ရှိရာ ပြည်သူများ ရောဂါ ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အပြင်းအထန်ရုန်းကန် ကြိုးစားနေကြသည်။ ကပ်ရောဂါ မှာ တစ်ကမ္ဘာလုံးကြုံတွေ့ နေရသော ပြဿနာ ဖြစ်ပေါ်နေရာမြန်မာနိုင်ငံအနေဖြင့်မူ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် နည်းပါးနေခြင်း အခက်အခဲပြဿနာများ အဓိက ရင်ဆိုင်နေရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှာ တစ်နေ့ပြီးတစ်နေ့ စံချိန်ချိုးနေသည့်နှယ် မြင့်တက်လျက် ရှိသည်။ ကူးစက်ရောဂါ၏ သဘော သဘာဝအရ မျိုးဗီဇပြောင်းလဲသည့် ရောဂါပိုးများ ပေါ်ပေါက်လာခြင်းနှင့် ပြည်သူများအတွင်း ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရသည့် အချိန်ကြာမြင့် လာသည်နှင့်အမျှ သတိလက်လွတ်၊ ပေါ့လျော့စွာ နေထိုင်ခဲ့ခြင်းတို့ကြောင့် ယနေ့ရင်ဆိုင် နေရသော အခြေအနေများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ အများပြည်သူ အလုပ်ပိတ်ရက်ရှည်များ သတ်မှတ်ကြေညာပေးခဲ့ခြင်း၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ကြေညာခြင်း၊ ပြည်သူလူထုအတွင်း ရပ်ကွက် ကျေးရွာများအရောက် အသိပညာပေးခြင်းအစီအစဉ်များနှင့်အတူ ပြည်သူများက လိုက်နာ နေထိုင်ကြခြင်းဖြင့် လာမည့်ရက်သတ္တပတ် အနည်းငယ်အတွင်း ရောဂါကူးစက်မှုအရှိန် တန့်သွားကာ တဖြည်းဖြည်း ပြန်လည် ကျဆင်းသွားရမည်သာဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေဘဲ အမြန်ဆုံးရောက်ရှိနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်း ဆိပ်ကမ်း များနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆက်မပြတ် တင်သွင်းခွင့်ပြုလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

(၂၂-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၃-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၃,၄၈၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၅,၅၀၆) ဦးတွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိဓာတ်ခွဲ နမူနာစုစုပေါင်း (၃,၀၄၉,၁၆၃)ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၂၅၈,၈၇၀) ဦး ရှိပြီဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2021

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာ တွင် ရောဂါရှာဖွေခြင်းသည်လည်း အဓိကအခန်းကဏ္ဍတွင် ပါဝင် လျက်ရှိပြီး ရောဂါပိုးတွေ့ ရှိလူနာ များကို အချိန်မီ ခွဲခြားကုသ ခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွား မှုကို ထိန်းသိမ်းနိုင်မည်ဖြစ် သည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2021

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ (တတိယလှိုင်း) စတင်ကူးစက်ပြန့်ပွားမှု မရှိသေးမီ ကာလကပင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေး လိုအပ်သည့် ကြိုတင်ပြင်ဆင်စုဖွဲ့မှုများကို အလေးထား ဆောင်ရွက်ခဲ့သည်။ ရောဂါစတင်ကူးစက်မှု ဖြစ်ပွားလာသည့်အချိန်တွင်လည်း ရောဂါ ကူးစက် ဖြစ်ပွားမှုနှုန်းကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေး စည်းကမ်းချက်များ ချမှတ်၍ ပြည်သူလူထုအား အသိပညာပေး စည်းရုံးလှုံ့ဆော်ခြင်း၊ အတည်ပြုလူနာများနှင့် သံသယလူနာများ အား ထားရှိရန် Quarantine Center များကို မြို့နယ်အသီးသီးတွင် ဖွင့်လှစ်၍ ကုသမှုများ ဆောင်ရွက် ပေးခြင်း၊ အတည်ပြုလူနာများ၏ အောက်ဆီဂျင်လိုအပ် ချက်အား ပြည့်ဝစွာ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်တွင်း ထုတ်လုပ်မှု တိုးမြှင့်ခြင်း သာမက ပြည်ပမှ မှာယူတင်သွင်းခြင်း၊ ကာကွယ်ဆေးများ မှာယူတင်သွင်းခြင်း၊ ကုသဆေး များကို မှာယူ၍ ကုသမှုများကို ဆောင်ရွက် ခြင်းစသည်တို့ကို အားကြိုးမာန်တက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2021

ယနေ့သည်မြန်မာသက္ကရာဇ် ၁၃၈၃ ခု ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့ဖြစ်သည်။ ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဖြစ်တော်မူစဉ် နေ့ထူးရက်မြတ်များ ရှိသောနေ့ဖြစ်ပြီး ဘာသာရေးအရ အရေးပါသော ထူးခြားဖြစ်စဉ်များကို နှလုံးသွင်းကြည်ညိုသူတိုင်း ကုသိုလ်များတိုးပွား၊ ကောင်းကျိုးများစည်စေမည့် သာသနာတော်ဆိုင်ရာ ထူးခြားသည့်အခါတော်နေ့ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2021

ဂေါတမမြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး နောက် ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆို လပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူခဲ့သည်။ မြန်မာ တို့က မိဂဒါဝုန်ဟု ခေါ်ကြသည့် မိဂဒါယသည် သားသမင်တို့အား ဘေးမဲ့ပေးရာ အရပ်ဖြစ်ပြီး ဣသိပတနဟူ၍လည်း ခေါ်ကြသည့် နေရာဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2021

အကြမ်းဖက်ခြင်းသင်နှင့် အနီးဆုံးမှာနှင့် နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ဆောင်းပါးများစာအုပ်ကို သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက စီစဉ်ထုတ်ဝေ ဖြန့်ချိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည် ကာလအတွင်း နေ့စဉ် ရုံးပိတ် ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ ၆၉ခုမှအိမ်သုံးအောက်ဆီဂျင်စက်၂၉၆၈ခု Oximeter ၁၇၁၈၄ ခု၊ Thermometer ( ၁၇၈၈ ခု၊ Oxygen Regulator အခု ၁၀၈၀၊Flow Meter အခု ၁၀၀၀၊ Nalsa | Cannula ၂၅၀၂ ခု၊ Oxygen Mask အခု ၂၀၀၊ Oxygen Filter အခု ၅၀၊ နယ်စပ် (မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊တာချီလိတ်) ၌ ကုမ္ပဏီ ၃၄ ခုမှ နှာခေါင်း စည်းနှင့် လက်အိတ် ၉၉၇၂၅ ကီလိုဂရမ်၊ Liquid Oxygen /Pure Oxygen ၁၅၃၉၀ ဒသမ ၆၆ ကုဗမီတာ၊ Oxygen Cylinder/ Regulator အခု ၂၂၀၀၊ Oxygen Plant/Oxygen Concentrator ၆၉၅၄ ခုတို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2021

ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေသည့် SARS-CoV-2 ဗိုင်းရပ်စ်မျိုးကွဲများ ဖြစ်ပေါ်လာသည့် အတွက် ကမ္ဘာပေါ်တွင် ရောဂါကူးစက်မှုနှင့် သေဆုံးမှုများ ပြန်လည် မြင့်တက်လာ ရခြင်းဖြစ်ပြီး ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်း တိုးတက်လာရခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တွေ့ရှိချက် လေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2021

မြန်မာနိုင်ငံ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ မကြာမီ ပြည်သူလူထုကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2021

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ ဆံတော်ရပ်ကွက် ဇောတိ ကာရုံပါဠိ တက္ကသိုလ် ကျောင်းတိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တ ကုဏ္ဍလဇောတိ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)၊ မဟာထေရ်မြတ်ကြီးသည် သက်တော် (၉၄)နှစ်၊ သိက္ခာတော်(၇၅)ဝါ အရ ၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက်၊ (၂၁-၇-၂၀၂၁)၊ ဗုဒ္ဓဟူးနေ့ ည ၁၁ နာရီခွဲတွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်းနှင့် ၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက်၊ (၂၂-၇-၂၀၂၁)၊ ကြာသပတေးနေ့၊ မွန်းလွဲ ၁ နာရီခွဲတွင် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အန္တိမအဂ္ဂိဈာပနပြု လုပ်ခဲ့ ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုရန်