Skip to main content

May 16, 2025

ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

May 16, 2025

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်မှကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ အကျဉ်းဦးစီးဌာန ထုံးဘိုကျား (၁) ကုန်ထုတ် စခန်းနှင့်ကျား(၂) ကုန်ထုတ် စခန်းများသို့လည်းကောင်း၊ ယနေ့တွင် ပုသိမ်ကြီးမြို့နယ်ရှိ အကျဉ်းဦးစီးဌာန ထုံးဘို (မ) ကုန်ထုတ်စခန်းနှင့် ပြင်ဦးလွင် မြို့နယ်ရှိ အကျဉ်းဦးစီးဌာန ၂၄ မိုင် ကုန်ထုတ်စခန်းများသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2025

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ပေါ်ရှိ ဆုတောင်းပြည့်ကျောင်းတိုက်အတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2025

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့၏ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ ဩဝါဒခံယူပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲ တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ဝင်္ဂပါလမ်းထောင့်ရှိ အဆိုပါဆေးရုံကြီး ရာဇဂြိုဟ် မင်္ဂလာခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့နယ်ကျုံး (စံပြ) ကျေးရွာသို့သွားရောက်ပြီး ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သည့် အပ်ချုပ်နည်းသင်တန်းကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2025

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မေ ၁၁ ရက်မှ ၁၂ ရက်အထိ ကူဝိတ်နိုင်ငံတွင်ကျင်းပသည့် (၄၅) ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ၏ အထွေထွေညီလာခံ (45th OCA General Assembly Kuwait) တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး(၄)၊ အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် အတူမေ ၉ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ကူဝိတ်နိုင်ငံသို့ ထွက်ခွာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2025

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်တပေါင်းကွင်း၌ သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ခင်းကျင်းပြသရောင်းချနေမှုအခြေအနေတို့ကို လှည့်လည်အားပေးကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2025

မန္တလေးတိုင်းဒေသကြီးနယ်မြေအတွင်း မန္တလေးမြို့ပေါ် အမရပူရမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် မြစ်ငယ်မြို့များအတွင်း ပြောက်ကျားဝတ်စုံများဝတ်ဆင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအယောင်ဆောင်ကာ ဂိုဏ်းဖွဲ့၍ ဓားပြတိုက်ခြင်း၊ လုယက်ခြင်းများမကြာခဏ ကျူးလွန်ဖြစ်ပွားလာသဖြင့် ကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းဖော်ထုတ် ဖမ်းဆီးခဲ့ရာ ၂၀၂၅ ခုနှစ် မေ ၅ ရက်တွင် ဓားပြတိုက်၊ လုယက်မှုများ ကျူးလွန်မှုများတွင် ဦးဆောင်ကျူးလွန်ခဲ့သည့် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်နေ နေထက်လင်း (၂၉) နှစ် (ဘ) ဦးသံချောင်းအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2025

ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် စခန်းဝင်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၊ လူငယ်လက်ရွေးစင် အသင်းများအား ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် တွေ့ဆုံအားပေးကာ ထပ်ဆောင်းပံ့ပိုးငွေများပေး အပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2025

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား စစ်ဆေးဖော်ထုတ်၍ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ယနေ့တွင် အီသီယိုးပီးယားနိုင်ငံသား ၇၆ ဦးအား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင် လွှဲပြောင်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2025

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ ပြည်ထောင်စုနယ်မြေ လူမှုဖူလုံရေးရုံးလက်အောက်ရှိ ပျဉ်းမနားမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့မှ လူမှုဖူလုံရေးရုံးတို့တွင် လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား လူမှုဖူလုံရေးအဖွဲ့-ဘေးမခရောဂါရှာဖွေရေး ရွေ့လျားဆေးကုသယာဉ် (Mobile Medical Units)ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ယာဉ်ရပ်နားဝင်း၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2025

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းအိမ်ရာများသို့ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက်သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၄၅ ရက်နေ့မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2025

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကူမဲမြို့ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပျက်စီးသွားသော အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူး ဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်သို့ မေ ၁၅ ရက်တွင် ဆက်လက်ရောင်းချပေးလျက်ရှိရာ ယနေ့တွင် လာရောက်ဝယ်ယူသူ ၄၉ ဦးမှ ဘိလပ်မြေအိတ် ၂၁၀၀၊ (HRB-400) 10mm(3.9kg)သံချောင်း ၄ ဒသမ ၅ တန်၊ (HRB-400) 16mm(11.5kg) သံချောင်း ၃ ဒသမ ၅ တန်နှင့် အထပ်သားပြား ၁၄၇ ချပ်တို့ကို ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2025

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ နေပြည်တော်ကောင်စီမှ ငလျင်ဘေးသင့်ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ကာ အားပေးစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးရမည်းသင်း မြို့နယ်အတွင်းရှိ မိုးကြိုချည်မျှင် ရှည်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်များဆောင်ရွက်ထားရှိမှု၊ အောင်နိုင်တိုး စပါးမျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်ထားရှိမှုနှင့် ငလျင်ဒဏ်ခံစားခဲ့ရသည့် ဒေသခံတောင်သူများ၏ စိုက်ကွင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2025

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် မေ ၁၅ ရက်အထိ သေဆုံးသူ ၃၇၂၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၈၄ ဦး ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2025

ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား - တောင်ညိုလမ်း မြို့မဈေးအနီးနှင့်  ရေပန်းဥယျာဉ်မုခ်ဦးအနီး၌ သီးခြားစီကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2025

ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) စခန်းပေါင်းစုံမှ သင်တန်းသားသင်တန်းသူများသည် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်သို့ လေ့လာရေးခရီးသွားရောက်ကြသည်။ ဦးစွာ လေကြောင်းနှင့်အာကာသသိပ္ပံပညာရပ်များ၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော အထွေထွေဗဟုသုတများ၊ တပ်မတော် (လေ) တွင် အသုံးပြုလျက်ရှိသော လေယာဉ်များအကြောင်းကို တပ်မတော် (လေ) မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။

ဆက်လက်ဖတ်ရှုရန်