May 17, 2025
ပထမအကြိမ် အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းအဝေး(Inaugural Meeting of ASEAN Geoeconomics Task Force)ကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ၏ အာဆီယံပထဝီစီးပွားရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
May 17, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မြောင်းမြမြို့နယ် သိလ္လာဂါတ်စုကျေးရွာရှိ တောင်သူဦးသန့်ဇင်၏ ရော်ဘာခြံနှင့် ကော်ဖီသီးညှပ်စိုက်ပျိုးထားရှိမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
May 17, 2025
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ပြည်နယ်ခြောက်ခုတို့တွင် မေ ၁၆ ရက်အထိ သေဆုံးသူ ၃၇၂၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၈၂ ဦးရှိသည်။
May 17, 2025
ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် လည်းကောင်း၊ မုတ်သုံလေ ဆက်လက်ဝင်ရောက်လာနိုင်ခြင်းကြောင့် လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်း ကောင်း မေ ၁၆ ရက်မှ မေ ၂၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးမည်။
May 17, 2025
ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ဗိုလ်ချုပ်ကြေးရုပ်အနီး၌ ကျင်းပသည်။
May 17, 2025
နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေး ငလျင်ကြီးကြောင့် ပျက်စီးသွားသော ရုံးအဆောက် အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Plan ရေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 17, 2025
မန္တလေးငလျင်ကြီးဘေးဒဏ်သင့် ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စစ်တက္ကသိုလ်အမှတ်စဉ်(၃၇) ဗိုလ်လောင်းသင်တန်းဆင်း အရာရှိမိသားစုများက ငွေကျပ် ၁၃၆၆၀၀၀၀ ကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ရုံးသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
May 17, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပသည်။
May 17, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မြောင်းမြမြို့နယ် သိလ္လာဂါတ်စုကျေးရွာရှိ တောင်သူဦးသန့် ဇင်၏ရော်ဘာခြံနှင့် ကော်ဖီသီးညှပ်စိုက်ပျိုးထားရှိမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
May 17, 2025
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ကော်မရှင်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၅၆)၌ တည်ဆောက်ထားသည့် ယာယီအဆောက်အအုံများတွင် ဝန်ထမ်းများ နေရာချထားမှု၊ ထပ်မံဆောက်လုပ်လျက်ရှိသည့် ဘာရှာအဆောက်အအုံများ တည်ဆောက် ပြီးစီးမှုနှင့် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် Container House များ နေရာချထားမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
May 17, 2025
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိရုံးအမှတ်(၅) အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
May 17, 2025
ပြည်တွင်းနိုင်ငံခြားသုံးငွေလဲလှယ်မှုနှုန်းထားများ တည်ငြိမ်လျက်ရှိပြီး ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်း ကျဆင်းလျက်ရှိသဖြင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည်လည်း ကျဆင်းလျက်ရှိပြီး လိုအပ်သလောက် အလွယ်တကူဝယ်ယူ သုံးစွဲနိုင်လျက်ရှိကြောင်း သိရသည်။
May 17, 2025
မြန်မာ့ရေသယံဇာတ ထွက်ကုန်များကို ပြည်တွင်းစားသုံးမှုဖူလုံစေရန်နှင့် ပြည်ပပို့ကုန်မှ နိုင်ငံခြားငွေရရှိရန် ထုတ်လုပ်တင်ပို့လျက်ရှိရာ ပင်လယ်ပြင်မှ ဖမ်းဆီးရမိသော ရေငန်တိုက်ဂါးပုစွန်များ ပြည်ပပို့ကုန်အဖြစ် ဈေးကောင်းရနေကြောင်းကြည့်မြင့် တိုင်စံပြငါးဈေး MNG ကုမ္ပဏီမှ သိရသည်။
May 17, 2025
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဒုစရိုက်မှုများဖြစ်ပေါ်လာရသည့်အခြေအနေကို ၂၀၂၁ ခုနှစ်ကာလ မှစ၍ နိုင်ငံရေးကိုအကြောင်းပြုပြီး ပေါ်ပေါက်လာရသည်ဟုဆိုကြသည်။ လောကတွင် အကောင်းနှင့်အဆိုးတို့သည် အတူတကွရှိနေနှင့်ပြီး အခြေအနေပေးသည်နှင့် အဆိုးတို့ဖြစ်ပေါ်လေ့ရှိသည်။ ဒုစရိုက်မှုများမှာ မည်သည့်ခေတ်အခါတွင်မဆို နယ်မြေဒေသများ၌ လုံခြုံရေးအရ အားနည်းမှုရှိလာသည်နှင့် ဖြစ်ပေါ်လာစမြဲဖြစ်သည်။
May 17, 2025
မိမိတို့နိုင်ငံတွင် တိုင်းရင်းသာအမည်ခံ လက်နက်ကိုင်သောင်းကျန်း သူအဖွဲ့အစည်းအချို့နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ သယ်ဆောင်ရောင်းချခြင်းလုပ်ငန်းကို ခွဲခြား၍မရအောင် ဆက်စပ်လျက်ရှိသည်ကို နိုင်ငံတကာက သိရှိထားကြသည်။ ၎င်းလက်နက်ကိုင် သောင်းကျန်းသူတို့ ထိန်းချုပ်လှုပ်ရှားရာနယ်မြေများတွင် ဓာတ်ခွဲခန်းများ၊ အလုပ်ရုံများ တည်ဆောက်ကာ မူးယစ်ဆေးဝါး အမျိုးမျိုးကို ထုတ်လုပ်ကြပြီး ပြည်တွင်းလမ်းကြောင်းများမှ တစ်ဆင့်သယ်ဆောင်၍ ပြည်ပနိုင်ငံများသို့ ရေကြောင်း၊ ကုန်းကြောင်းခရီးများဖြင့် ထပ်ဆင့်သယ်ဆောင်ရောင်းချကြခြင်း ဖြစ်သည်။
May 16, 2025
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးအပ်လျက်ရှိရာ ယနေ့တွင် အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦးနှင့် လိုက်ဘေးရီးယားနိုင်ငံသား ၇ ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင် လွှဲပြောင်းပေးအပ်ခဲ့ပြီး အီသီယိုးပီးယားနိုင်ငံသား ၁ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
May 16, 2025
နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စုတစ်ခုလုံးကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများအား ထိရောက်စွာ တားဆီးကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မူးယစ်ဆေးဝါး သယ်ဆောင်လေ့ရှိသည့်လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေဖော်ထုတ်ဖမ်းဆီးမှုများကို တိုးမြှင့်လုပ်ဆောင်မှုများကြောင့် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးလျက်ရှိသည့် သောင်းကျန်းသူအဖွဲ့များနှင့် မူးယစ်ဂိုဏ်းများသည် ရေကြောင်း၏အားသာချက်ကို အသုံးချကာ ရေလမ်းကြောင်းများမှတစ်ဆင့် သယ်ယူပို့ဆောင်လာသည်ကို တွေ့ရှိရပါသည်။
May 16, 2025
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာသွားကားလမ်း၊ ရှမ်းတဲကျေးရွာအနီးတွင် သတင်းအရစောင့်ဆိုင်းနေစဉ် မင်းလှဘက်မှ မင်းတုန်းဘက်သို့ ပြည့်ဖြိုးကျော်မောင်းနှင်ပြီး မဇင်ဇင်ဝေ(ခ)ဇင်ဇင်မာ လိုက်ပါလာသည့် X-TRAIL မော်တော်ယာဉ်နှင့် ရန်နိုင်ထွဋ် မောင်းနှင်ပြီး တင်လတ်လိုက်ပါလာသည့် SURF မော်တော်ယာဉ်တို့ကို ရှာဖွေခဲ့ရာ အဆိုပါယာဉ် ၂ စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ဖော်ထုတ်ချက်အရ ပျဉ်းမနားမြို့မှ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်သို့ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ မနန်း(ခ)မျိုးသီရိကျော်နှင့် မျိုးဇော်အောင်တို့ ၂ ဦး၏ မူးယစ်ဆေးဝါးသယ်ဆောင်ရာ၌ အသုံးပြုခဲ့သည့် TOYOTA HILUX SURF မော်တော်ယာဉ်တစ်စီးအား ပျဉ်းမနားမြို့၊
May 16, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH I NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
