Skip to main content

Mar 27, 2025

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2025

ယနေ့တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းတွင် သူရဲကောင်းဗိမာန်(နေပြည်တော်)၌ ဂုဏ်ပြုပန်းခြင်းချအလေးပြုခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုပန်းခြင်းချအလေးပြုသည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2025

ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ရေးရာကောင်စီဥက္ကဋ္ဌ Mr. Pavel Nikoleaevich GUSEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲအား ယနေ့နံနက်ပိုင်းတွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2025

ယနေ့ ဖြူး- တောင်ငူလမ်းပိုင်း လုံခြုံရေးစစ်ဆေးသည့် RGC-125 သည် ညောင်ခြေထောက်ဘူတာမှ နံနက် ၇ နာရီ ၃၆ မိနစ် ထွက်ခွာလာပြီး ညောင်ခြေထောက်နှင့် ကျွဲပွဲဘူတာအကြား မိုင် ၁၄၄/၁၀-၁၁ ခန့်အရောက် နံနက် ၇ နာရီ ၅၀ မိနစ်တွင် သံလမ်းအနောက်ဘက် ရန်ကုန်-မန္တလေးကားလမ်းဘက်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်သဖြင့် RGC 125 စက်ခေါင်း၏ အနောက်ဖက်မှန်တစ်ချပ်ကွဲပြီး အနောက်ဖက်သံဘောင်တွင် ကျဉ်ထိမှန်ခဲ့ကြောင်းနှင့် အဆိုပါပစ်ခတ်မှုကြောင့် စက်ခေါင်းမောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2025

မြန်မာ - တရုတ် - ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိရာ ယနေ့တွင် အဆိုပါလုပ်ငန်းများ၌ ဆက်စပ်ပါဝင်ခဲ့ကြသည့်  တရုတ်နိုင်ငံသား ၃၆၅ ဦးကို မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၇ / ၂၀၂၅

ဆက်လက်ဖတ်ရှုရန်

Mar 27, 2025

၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၊ ယနေ့တွင် ကျရောက်သည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2025

မတ် ၂၇ ရက်တွင် ကျရောက်သည့် နှစ် (၈၀) ပြည့် တပ်မတော်နေ့အခမ်းအနားသို့တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2025

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့ အနုပညာအထက်တန်းကျောင်းဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် နှစ်ထပ်ကျောင်းသူအဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် နေပန်လပန် စနစ်ကျလယ်ယာမြေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်