Aug 26, 2022
ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Aug 26, 2022
အားလုံးမင်္ဂလာပါခင်ဗျာ၊ မင်္ဂလာဆိုတာ မကောင်းမှုအမြုံ့ကို ပယ်ဖြတ်တတ်သော အရာရှိပြီး ပါဠိအဘိဓာန်မှာ ဖွင့်ဆိုပါတယ်။ ဒါကြောင့် မကောင်းမှုမှန်သမျှပယ်ရှောင်ပြီးတော့ ကောင်းမှုကို ဆောင်တဲ့မင်္ဂလာနဲ့ အားလုံးပြည်စုံကြပါစေ။ ဒုတိယအကြိမ် မင်္ဂလာပါလို့ ထပ်ပြောပါရစေ။ အဲဒါကတော့ ကျွန်တော်တို့ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရဲ့ သက်တမ်း(၇၅)နှစ်ပြည့်တဲ့ စိန်ရတုပွဲ မင်္ဂလာကြီးကျင်းပတဲ့အချိန်နဲ့ တိုက်ဆိုင်တဲ့အတွက် စာပေဗိမာန်ကိုလည်း မင်္ဂလာပါလို့ ကျွန်တော်ထပ်နှုတ်ဆက်ပါရစေ၊ တတိယမြောက်လည်း မင်္ဂလာစကားထပ်နှုတ်ဆက်ပါရစေ။ ကျွန်တော်တို့ စာပေဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်ကလည်း အဘက်ဘက်ကကြည့်ပါတယ်။ စာပေဆုတွေပေးတယ်။ စာပေအဖွဲ့အစည်းတွေကို ရန်ပုံငွေတွေ ထောက်ပံ့တယ်။ ဒီကနေ့လည်း စာပေရန်ပုံငွေဆိုပြီး တပ်မတော် ကြည်း၊ ရေ၊ လေ၊ မိသားစုများက သိန်း ၂ထောင်ကျော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ၇၅သိန်း၊ သိန်း ၂၂၁၅ သိန်း ဒီနေ့စာပေရန်ပုံငွေရရှိတာဆိုတော့ အလွန်မင်္ဂလာရှိပါတယ်။ ကျွန်တော်တို့ မြန်မာစာပေဟာ ပြောလောက်ပါတယ်၊ ပြောစမှတ်ပြုလောက်ပါတယ်၊ ရှေးခေတ်က ရဟန်းရှင်လူ စာပေပညာရှင်၊ စာဆိုတော်ကြီးတွေဟာ အလွန်ဂန္ထဝင်မြောက်တဲ့စာတွေ၊ စာကဗျာထွေ ရေးသွားပါတယ်၊ စာမှာ ဂုဏ်(၁၀)ပါးနဲ့ ပြည့်အောင် ရေးတဲ့အရေးအသား ဒေါသတွေနဲ့ကင်းလွတ်တဲ့ အရေးအသား စိတ်ခံစားမှုကို အရသာကိုပေးတဲ့ ရသကိုးပါး တစ်ခါ တင်စားမှုတွေနဲ့ ဝင်္ကဝုတ္တိအလင်္ကာ စာတွေကို တန်ဆာဆင်တဲ့ တန်ဆာဆင်နည်း ၃၅ မျိုးနဲ့ ပြောင်မြောက်အောင် ရေးသွားတဲ့ စာပေပညာရှင်ကြီးတွေ ဖြစ်ပါတယ်။
Aug 26, 2022
ယနေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စာပေပညာရှင်ကြီးများ၊ ဝန်ထမ်းအငြိမ်းစားများနှင့် တက်ရောက်လာသော ဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်းနှင့် ခညောင်းပါစေကြောင်း ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၆-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Aug 26, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Aug 26, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။
Aug 26, 2022
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကျာဆော်လမွန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း ယနေ့နံနက်ပိုင်းတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန ဧည့်ခန်းမ၌ တစ်ဖွဲ့ချင်း သီးခြားစီ တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှ သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ ထပ်မံဖြည့်ဆည်းပေးရန် လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
Aug 26, 2022
တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ၃/ ၂၀၂၂ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ အားကစားလေ့ကျင့်ရေးစခန်း၊ တိုက်အမှတ် (၆)၊ Cluster-1 ၌ ကျင်းပပြုလုပ်ရာ တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
Aug 26, 2022
မြန်မာ-အိန္ဒိယ နားလည်မှုစာချွန်လွှာ (MoU) အရ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် Hybrid ပုံစံဖြင့် ကျင်းပသည်။
Aug 26, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ ၁ နာရီတွင် အမျိုးသားပြတိုက်(ရန်ကုန်) ဘက်စုံခန်းမ၌ အမျိုးသားပြတိုက် (ရန်ကုန်)မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Aug 26, 2022
စာပေဗိမာန် (၇၅)နှစ်ပြည့် စိန်ရတုအခမ်းအနားသို့ တက်ရောက်လာသော ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တကွ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဧည့်ပရိဿတ်များ၊ စာပေဗိမာန်ဝန်ထမ်းများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။
Aug 26, 2022
ယနေ့ကျင်းပတဲ့ ၇၅ နှစ်ပြည့် စာပေဗိမာန်စိန်ရတုအခမ်းအနားသို့ တက်ရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စာပေပညာရှင်များ၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ စာပေတိုက်အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ ဧည့်သည်တော်များ အားလုံး စိတ္တသုခ၊ ကာယသုခ ချမ်းသာခြင်းနှစ်ဖြာနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ ဦးစွာပထမနှုတ်ခွန်း ဆက်သအပ်ပါတယ်။
Aug 26, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်း ထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Aug 26, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနားကို ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စာပေဗိမာန်ခန်းမ၌ ကျင်းပမည်ဖြစ်ရာ အဆိုပါ အခမ်းအနားကျင်းပပုံများကို နံနက် ၉ နာရီ ၄၅ မိနစ်မှ
Aug 26, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးဦးစီးဌာန၊ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အကြီးစားပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် ပြီးစီးမှုကိုကြည့်ရှုစစ်ဆေးသည်။
Aug 26, 2022
မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ Hybrid Format ဖြင့် ကျင်းပသည်။
Aug 26, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 26, 2022
အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၆)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး(16th ASEAN Navy Chiefs’ Meeting-16th ANCM) သို့တက်ရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Aug 26, 2022
မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ ၂၀၂၁ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့် ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာ စစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာ စီမံကိန်း” ၏ “လေထုအရည်အသွေး တိုင်းတာခြင်းဆိုင်ရာ သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 26, 2022
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ်အရကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ်(၂၀)ကို “လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးစုပေါင်းခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Aug 26, 2022
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
