Skip to main content

Apr 21, 2025

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းထန်သည့် ငလျင်ကြောင့် မန္တလေး၊ နေပြည်တော်နှင့် မြို့ကြီးအချို့တွင် ကြီးမားသော ထိခိုက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2025

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နိုင်ငံ့ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးခြင်းနှင့် ကြီးမားစွာထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ အမိုးအကာအောက်တွင် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ယာယီတည်းခိုရေးစခန်းများကို တည်ဆောက်ဖွင့်လှစ်ပြီး နေရာချထားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ နည်းပညာတက္ကသိုလ် (တောင်ကြီး) သို့ ရောက်ရှိပြီး မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ပင်မသုံးထပ်ဆောင် Lobby ဧရိယာ အရှေ့ဘက်နှင့် အနောက်ဘက်၊ ပင်မသုံးထပ်ဆောင် မြေညီထပ်ရှိ အခန်းများ၊ ဘွဲ့နှင်းသဘင်ခန်းမအတွင်း အပြင်များနှင့် ပင်မသုံးထပ်ဆောင်ရှိ အခြားထိခိုက်ပျက်စီးမှုများ၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသားအိပ်ဆောင်များတွင် သာမန်အငယ်စားထိခိုက်ပျက်စီးမှု အခြေအနေများ၊ အကြီးစားထိခိုက်ပျက်စီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ Rapid Evaluation Safety Assessment Form Level-2 ဖြင့် ဆက်လက်စစ်ဆေးရန်၊ ပြန်လည်ပြုပြင်သည့်အခါ စံအရည်အသွေးပြည့်မီမှုနှင့် စစ်ဆေးကွပ်ကဲမှုတို့ဆိုင်ရာ လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2025

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန်အပိုင်း) တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများအား ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2025

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနရုံး မြေဧရိယာအတွင်း၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းမိသားစုများ နေထိုင်ရန်အတွက် ယာယီတဲများ ဆောက်လုပ်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့ရှိ နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2025

အင်အားအလွန်ပြင်းထန်သည့် မန္တလေးမြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး ရက်သတ္တသုံးပတ် ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ယခုအချိန်တွင် ပြိုကျပျက်စီးနေသည့် အဆောက်အအုံများ ဖယ်ရှားရှင်းလင်းရေး၊ ပြန်လည်ပြုပြင်၍ရသည့် အဆောက်အအုံများကို ခိုင်ခံ့အောင် ပြန်လည်အား ဖြည့်ပြုပြင်ရေး၊ အသစ်ပြန်လည်တည်ဆောက်ရမည့် အဆောက်အအုံများကို တည်ဆောက်ရေး အတွက် ဆောင်ရွက်နေရပြီဖြစ်သည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အပျက်အစီးအနည်းဆုံးတန်ချိန် န

ဆက်လက်ဖတ်ရှုရန်

Apr 20, 2025

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ - ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၄ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2025

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဒဏ်ဘေးသင့်ဒေသများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် Air China ၊ Cargo Flight (ကယ်ဆယ်ရေးပစ္စည်း)လေယာဉ်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သတ္တမအကြိမ်မြောက်ထပ်မံရောက်ရှိလာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်