နေပြည်တော် မတ် ၂၇
(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်များက စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ကျင်းပရာ တိုင်းမှူးဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်များနှင့် သွေးလှူရှင်များတက်ရောက်ကြသည်။
ဦးစွာ သွေးအလှူရှင်များအား လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် သွေးအုပ်စုခွဲခြားခြင်းများဆောင်ရွက်ပေးသည်။ ထို့နောက် သွေးအလှူရှင်များက သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။
ထိုသို့ သွေးလှူဒါန်းနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
