Skip to main content

Jun 12, 2023

စစ်တွေမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမသို့ရောက်ရှိကြပြီး ခန်းမအမိုးမိုးခြင်းလုပ်ငန်းပြီးစီးမှု၊ မျက်နှာကြက်၊ ပြတင်းတံခါးများ၊ ရေ၊ မီးပြုပြင်ခြင်းလုပ်ငန်းနှင့် ခန်းမအတွင်းပိုင်းဒီဇိုင်းများ ပြင်ဆင်ဆောင်ရွက်သွားမည့်အခြေအနေကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2023

စားရေရိက္ခာ ဖူလုံအဆင်ပြေခြင်းသည် ပြည်သူများရှင်သန်ဖွံ့ဖြိုးရေးအတွက် အရေးကြီးသောကဏ္ဍဖြစ်သည်။ တစ်နေ့တခြား တိုးပွားလာသောလူဦးရေအတွက် စားရေရိက္ခာလောက်ငဖူလုံအောင် နိုင်ငံအများက အစဉ်ကြံဆကြိုးပမ်းဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံအနေဖြင့် ရေခံ၊ မြေခံ၊ သဘာဝအခြေခံကောင်းများစွာ ပိုင်ဆိုင်ထားသဖြင့် တိုးပွားလာသောလူဦးရေအတွက် လိုအပ်မည့်စားရေရိက္ခာနှင့်ပတ်သက်၍ ပူပန်စရာမရှိပေ။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2023

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ဇွန် (၃) ရက်မှ (၉) ရက် နေ့အထိ ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် မြန်မာမသန်စွမ်းအားကစားသမားများ ဇွန်လ ၁၀ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိ လာရာ ရန်ကုန်လေဆိပ်တွင် သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြသည့်မြင်ကွင်းမှာ ဝမ်းမြောက်ကြည်နူးဖွယ်ပင်ဖြစ်သည်။ မသန်သော်လည်း စွမ်းဆောင်နိုင်ခဲ့ကြသည့် မြန်မာမသန်စွမ်းအားကစားသမားများက အာဆီယံနိုင်ငံများမှ ပြိုင်ဘက်များနှင့်ယှဉ်ပြိုင်ကာ မိမိတို့၏ စွမ်းဆောင်ရည်များဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ အထူးဆေးအဖွဲ့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် ကျန်းမာရေးဦးစီးဌာနများမှ ကျန်းမာရေးဝန်ထမ်းများက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့်ဒေသများမှ ဒေသခံပြည်သူများအား မြို့နယ်အလိုက်သတ်မှတ်နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများပြေပျောက်စေရန်အတွက် ယနေ့ညနေပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများက အဆို/ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေနှင့် ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေများသို့ ယနေ့တွင် တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၀-၆-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီမှ (၁၁-၆-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း(၆,၇၃၀)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၈)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၈၆)ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

၁။မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

နေပြည်တော် ဇွန် ၁၀

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သုတေသနလုပ်ငန်းနှစ်ပတ်လည် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံကာဇန်မြို့၌ရောက်ရှိနေသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ သည် ယမန်နေ့နံနက်ပိုင်းက ယင်းမြို့ရှိ Old Tatar Sloboda သို့ အခြား ဧည့်သည်တော်များနှင့်အတူ သွားရောက်လေ့လာ ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ တွင် ဇွန် ၃ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ရွှေ ၁၅ ခု၊ ငွေ ၂၂ ခု၊ ကြေး ၁၉ ခု စုစုပေါင်း ဆုတံဆိပ် ၅၆ ခု ဆွတ်ခူးရရှိခဲ့‌သော မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ယ‌နေ့ညပိုင်းက မြန်မာအမျိုးသား‌ လေကြောင်းလိုင်းစင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်‌ရောက်ရှိလာရာ ရန်ကုန်တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ တိုင်း‌ဒေသကြီးဝန်ကြီး များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာ သိပ္ပံ (ရန်ကုန်)မှ ကျောင်းသား ကျောင်းသူများ၊ အားကစားသမားများ‌၊ မိဘ‌ဆွေမျိုးများ‌က‌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ‌လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးမြင့်ဦးသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ညောင်တုန်း-မအူပင်ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ပြုပြင်ပြီးစီးမှုအခြေ အနေကို ယနေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဇွန် ၉ ရက် တွင် ရန်ကုန်မြို့ အင်းစိန်ကြို့ကုန်းရှိ စိုက်ပျိုးရေး ထွက်ကုန်များ စစ်ဆေးရေး ဓာတ်ခွဲခန်းကို ကြည့်ရှုစစ်ဆေးရာစိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ တာဝန်ရှိသူများက စိုက်ပျိုးရေးထွက်ကုန်များ ၏ ပိုးသတ်ဆေးဓာတ်ကြွင်းများစစ်ဆေးခြင်း၊ အဆိပ်သတ္တုများစစ်ဆေးခြင်း၊ မှိုအဆိပ်များစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

စစ်တွေမြို့၌ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သောစစ်တွေမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှုနှင့် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ မြေပြင်ကွင်းဆင်း၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ကြည့်ရှုအားပေး ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်အကောင်အထည်ဖော်လျက်ရှိသည့် စီးပွားရေးဦးတည်ချက်တွင်ပါရှိသည့် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကိုအခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” ဦးတည်ချက်ကို အကောင်အထည် ဖော်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်