Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid ကို လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၉

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာအစိုးရနှင့် ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် လိုအပ်နေသည့် ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အဆင်ပြေချောမွေ့စွာ ပေးအပ်နိုင်ရေးနည်းလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးများနှင့် ရန်ကုန်မြို့ရှိ UNOCHA ရုံး၏ ဒုတိယအကြီးအကဲဖြစ်သူ Ms. Danielle Parry တို့ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်