အားကစား

11 Aug 2019

 

နေပြည်တော်  ဩဂုတ် ၁၁           

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပသည့် SMM 3rd Asian ''Asia World Foundation''Men's U-23 Volleyball Championship  ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေး ပွဲအခမ်းအနားကို    ယနေ့ညနေ  ၆ နာရီခွဲ တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌   ကျင်းပ သည်။ 

01 Jul 2019

 

ရန်ကုန်  ဇူလိုင်  ၁

 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဇွန် ၂၇ ရက်မှ ၃၀ ရက်အထိ ဘီနင်နိုင်ငံ၌ ကျင်းပသည့်  International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ချန်ပီယံဆု ထပ်မံ ဆွတ်ခူးရရှိခဲ့သည်။ သက်ထားသူဇာသည် ၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် ဇွန်လအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပြိုင်ပွဲများ၌ ချန်ပီယံဆု ငါးကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ် သည်။    

05 May 2019

 

 

ရန်ကုန်   မေ   ၅

 

အိန္ဒိယနိုင်ငံ၌  ကျင်းပသည့်   ၂၀၁၉   အာရှဘိလိယက်ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည့် နေသွေးဦးသည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့သို့  ပြန်လည်ရောက်ရှိလာသည်။

 

04 Apr 2019

နေပြည်တော်    ဧပြီ    ၃

၂၀၁၉ ခုနှစ်  တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက်  အမျိုးသမီးဘောလုံးပြိုင်ပွဲ   ဗိုလ်လုပွဲကို  ယနေ့ညနေ ၄ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌   ကျင်းပရာ   အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်တို့ တက်ရောက်ကြည့်ရှုအားပေးသည်။

 

19 Dec 2018
 
 
နေပြည်တော်    ဒီဇင်ဘာ    ၁၈
 
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲ၏ ဗိုဗီနမ်ပြိုင်ပွဲမှာ ယနေ့ညနေပိုင်းက ပြီးဆုံးသွားပြီဖြစ်ပြီး မြန်မာဗိုဗီနမ်အဖွဲ့က  ငွေနှစ်ခု၊ ကြေးနှစ်ခုသာ ထပ်မံဆွတ်ခူးရရှိကာ နိုင်ငံအလိုက် ပထမနေရာတွင် ရပ်တည်ခဲ့သည်။
 
19 Dec 2018
 
 
နေပြည်တော်   ဒီဇင်ဘာ   ၁၈
 
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့်  (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို   ယနေ့ညနေပိုင်းက   ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ မြန်မာတက္ကသိုလ်ဘောလုံးအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။ 
 
ထိုင်းတက္ကသိုလ် - နှစ်ဂိုး
18 Dec 2018
 
 
နေပြည်တော်  ဒီဇင်ဘာ  ၁၇
 
နေပြည်တော်၌  ကျင်းပလျက်ရှိသည့်  (၁၉)ကြိမ်မြောက်  အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ပိုက်ကျော်ခြင်း လေးယောက်တွဲပြိုင်ပွဲ ပထမနေ့နှင့် သုံးယောက်တွဲပြိုင်ပွဲ နောက်ဆုံးနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပသည်။
 
18 Dec 2018
 
 
နေပြည်တော်  ဒီဇင်ဘာ  ၁၇ 
 
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များအားကစားပြိုင်ပွဲ ဒသမ နေ့ကို   ယနေ့နံနက်ပိုင်းမှ စတင်ကာ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ  အားကစားကွင်း၊ အားကစားရုံများ၌   ကျင်းပရာ အိမ်ရှင်မြန်မာအသင်းက   ကရာတေးအားကစားတွင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့သည်။
 
18 Dec 2018
 
နေပြည်တော်  ဒီဇင်ဘာ  ၁၇
 
 မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့်  (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ မြားပစ်ပြိုင်ပွဲပြီးဆုံးသွားပြီဖြစ်ပြီး မြန်မာမြားပစ်အဖွဲ့က ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်နှစ်ခုထပ်မံဆွတ်ခူးရရှိခဲ့သည်။
 
17 Dec 2018
 
 
နေပြည်တော် ဒီဇင်ဘာ ၁၆
 
(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ  အားကစားပြိုင်ပွဲ၏ ဗိုဗီနမ်ပြိုင်ပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် စတင်ကျင်းပရာ မြန်မာဗိုဗီနမ်အဖွဲ့က ရွှေနှစ်ခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခု ဆွတ်ခူးရရှိခဲ့သည်။
 

Pages