ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် မေ ၂၂

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့ မဟာဇနကကျောင်း တိုက် မဟာဇနကဗိမာန်တော်ကြီး၌ တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများ သို့ ဆွမ်းဆန်တော်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ နေပြည်တော် တပ်ကုန်း မြို့ မဟာသီဟနာဒကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ အမှူးပြုသော ဆရာတော်ကြီး ငါးပါး ကြွရောက် တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်း အတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ တက်ရောက် ကြည်ညိုကြ သည်။
ရှေးဦးစွာ ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီးဂေါပကအဖွဲ့၏ သြဝါဒါ စရိယ နေပြည်တော် တပ်ကုန်းမြို့ ရွှေအင်းရိပ်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို အမှူးပြု သော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွား သရဇ္ဈာယ်တော်မူသည့် မေတ္တသုတ်၊ ရတနသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုတော်မူကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက သာသနာ ရေးဆိုင်ရာများ လျှောက်ထားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များက ဆရာတော်၊ သံဃာတော်များ အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် တပ်ကုန်းမြို့ မဟာ သီဟနာဒကျောင်းတိုက် ပဓာန နာယက နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏထံမှ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းလောင်း အမျှပေးဝေ ကြသည်။
အဆိုပါ ဆွမ်းဆန်တော်လှူဒါန်းပွဲ အခမ်းအနားတွင် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်/ ထိန်းချုပ်/ တုံ့ပြန်နေစဉ် ကာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်း၊ သီလရှင်ကျောင်း ငါးကျောင်း တို့တွင် သီတင်းသုံး နေထိုင်တော်မူကြ သော ရဟန်း၊ သာမဏေ ၄၉၈ ပါး၊ သီလရှင် ၉၁ ပါး စုစုပေါင်း ၅၈၉ ပါးတို့ အတွက် ဆွမ်းဆန်တော် ၁၁၄ အိတ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်