လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

 
 
 
နေပြည်တော် မေ ၂၁
 
 
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်ရှိ ရွှေကျောင်းတော်ကြီး၌ ယနေ့ နံနက် ၉ နာရီတွင် လယ်ဝေးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် လှူဒါန်းပွဲကျင်းပသည်။
 
 
 
အခမ်းအနားသို့ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ နေပြည်တော် လယ်ဝေး မြို့ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒအမှူးပြုသော ဆရာတော် ကြီးငါးပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြသည်။
 
 
ငါးပါးသီလခံယူဆောက်တည်
 
ရှေးဦးစွာ ပေါက်မြိုင်ပရိယတ္တိ စာသင်တိုက်ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံမှ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမှူးပြုသော ဌာနဆိုင်ရာအကြီး အကဲများက ငါးပါးသီလခံယူ ဆောက် တည်ကြပြီး ဆရာတော် သံဃာတော် များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုတော်မူကြသည်။
 
 
ဆက်ကပ်လှူဒါန်း
 
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက သာသနာ ရေးဆိုင်ရာများ လျှောက်ထားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ဆရာတော်၊ သံဃာ တော်များအား လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် ပေါက်မြိုင်ပရိယတ္တိ စာသင်တိုက်ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက အနုမောဒနာတရား နာကြားကာ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းလောင်း အမျှ ပေးဝေသည်။
 
 
အဆိုပါ ဆွမ်းဆန်တော်လှူဒါန်း ပွဲ အခမ်းအနားတွင် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်/ ထိန်းချုပ်/ တုံ့ပြန်နေစဉ် ကာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ကိုးကျောင်း၊ သီလရှင်ကျောင်း လေးကျောင်းတို့တွင် သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၄၁၇ ပါး၊ သီလရှင် ၂၂၆ ပါး၊ စုစုပေါင်း ၆၄၃ ပါးတို့အတွက် ဆွမ်း ဆန်တော် အိတ် ၁၂၉ အိတ် လှူဒါန်း ခဲ့သည်။
 
 
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီး တည်ထား ကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်းချမ်း ရေးစေတီတော်သို့ သွားရောက်၍ ဂန္ဓကုဋိတိုက်နှင့် ရင်ပြင်တော် စကျင် တာရာဇိုခင်းကျင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများနှင့် သာသနာ့ဗိမာန်တော်ကြီးအတွင်း (၄"x ၁"x ၂') အတိုင်းအတာရှိသော လျှာထိုးကျွန်းပါကေးခင်းခြင်း လုပ်ငန်း များ ဆောင်ရွက်နေမှုများအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။
 
 
သတင်းစဉ်