အရှေ့တောင်အာရှတက္ကသိုလ်များ ဗိုဗီနမ်ပြိုင်ပွဲ ပထမနေ့တွင် မြန်မာအသင်း ရွှေ၊ ငွေ၊ ကြေးဆုများ ရရှိ

နေပြည်တော် ဒီဇင်ဘာ ၁၆
 
(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ  အားကစားပြိုင်ပွဲ၏ ဗိုဗီနမ်ပြိုင်ပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် စတင်ကျင်းပရာ မြန်မာဗိုဗီနမ်အဖွဲ့က ရွှေနှစ်ခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခု ဆွတ်ခူးရရှိခဲ့သည်။
 
မြန်မာဗိုဗီနမ်အဖွဲ့သည်  ပြိုင်ပွဲပထမနေ့တွင် သရုပ်ပြပြိုင်ပွဲ သုံးမျိုးနှင့် အတိုက်ပြိုင်ပွဲသုံးမျိုး ကျင်းပရာတွင် ပြိုင်ပွဲအားလုံး၌ ဆုတံဆိပ်ရယူနိုင်ခဲ့သည်။ မြန်မာဗိုဗီနမ်အဖွဲ့အတွက် ရွှေဆုများကို အမျိုးသမီးတစ်ကိုယ်တော် လက်သိုင်း အပြပြိုင်ပွဲတွင် ခိုင်ဝါဖူး (မြန်မာ) က ၂၆၇ မှတ်ဖြင့် ရရှိခဲ့သည်။ ယင်းပြိုင်ပွဲ တွင်  ငုယင်သီဟွာ  (ဗီယက်နမ်) က ၂၆၄ မှတ်ဖြင့်  ငွေတံဆိပ်၊  ဆိုဆောဖီ (ကမ္ဘောဒီးယား)က ၂၆၁ မှတ်ဖြင့် ကြေးတံဆိပ်ရခဲ့သည်။ ဒုတိယမြောက် ရွှေဆုကိုမူ   အမျိုးသားလေးယောက်တွဲအပြ ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဖြိုးမင်းစိုး၊ သီဟဇော်၊ ဟိန်းထက်အောင် (မြန်မာ) ကရရှိခဲ့ပြီး  ကမ္ဘောဒီးယား အတွဲက ငွေတံဆိပ်၊ ဗီယက်နမ်အတွဲက ကြေးတံဆိပ်ရရှိခဲ့သည်။ အခြားပြိုင်ပွဲ များတွင် အမျိုးသားနှစ်ယောက်တွဲ အပြပြိုင်ပွဲတွင် ကမ္ဘောဒီးယား အတွဲက ရွှေတံဆိပ်၊ ဇော်ဇော်နှင့် ဇင်လင်းထွန်း (မြန်မာ) အတွဲက ငွေတံဆိပ်၊ ဗီယက်နမ် အတွဲက ကြေးတံဆိပ်ရရှိသည်။ အတိုက်အမျိုးသား ၅၁ ကီလိုတန်းတွင် တန်ဒင် (ကမ္ဘောဒီးယား) က ရွှေတံဆိပ်၊ ဆိုလီဆေ (လာအို) က ငွေတံဆိပ်၊ ဖြိုးထက်ကိုကို (မြန်မာ) က ကြေးတံဆိပ်၊ အမျိုးသား ၆ဝ ကီလိုတန်းတွင် ဖန်သီတန် (ဗီယက်နမ်) က ရွှေတံဆိပ်၊ မြင့်မြတ်ဦး (မြန်မာ) က ငွေတံဆိပ်၊ နော့နန်(ကမ္ဘောဒီးယား)က ကြေးတံဆိပ်၊ အမျိုးသမီး ၅၁ ကီလိုတန်းတွင် ဒိုသူဟောင် (ဗီယက်နမ်) က ရွှေတံဆိပ်၊ ချမ်နန်ဂျစ် (ထိုင်း) က ငွေတံဆိပ်၊ ဇင်ဇင်ထွန်း (မြန်မာ) က ကြေးတံဆိပ်ရရှိသည်။
 
ယင်းပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအပါအဝင် နိုင်ငံပေါင်းခြောက်နိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ပြိုင်ပွဲဒုတိယနေ့ကို ယနေ့ဆက်လက် ကျင်းပ မည်ဖြစ်သည်။
 
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-စိုးညွန့်အရှေ့တောင်အာရှတက္ကသိုလ်များ ဗိုဗီနမ်ပြိုင်ပွဲ ပထမနေ့တွင် မြန်မာအသင်း ရွှေ၊ ငွေ၊ ကြေးဆုများ ရရှိ
 
ဓာတ်ပုံ-စိုးညွန့်