ကြေးမုံ စာတည်းရှုထောင့်

Sat, 03/14/2020 - 22:22
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ    (COVID-19)    ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများအကြား   နေ့စဉ်နှင့်အမျှ   တိုးတက်ဖြစ်ပေါ်နေ သဖြင့် ထိုရောဂါကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့ မြန်မာ စံတော်ချိန်  ည  ၁၁  နာရီ  ၁၃  မိနစ်တွင် အတည်ပြုသတ်မှတ်ကြေညာခဲ့သည်။ 
 
Sat, 03/14/2020 - 00:49

အယ်ဒီတာ့အာဘော်

==============

Thu, 03/12/2020 - 21:43
မကြာသေးမီရက်ပိုင်းအတွင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် အတွင်း  မူးယစ်ဆေးဝါးအမြောက်အမြားကို  ရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့သည်။ တစ်ဆက်တည်းသော ရက်အသီးသီးတွင်လည်း မူဆယ်မြို့နယ်၊ ရွာငံမြို့နယ်၊ ပင်လောင်းမြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ ဖားကန့်မြို့နယ်နှင့် အခြားမြို့များ အတွင်းတွင် မူးယစ်ဆေးဝါးသယ်ဆောင်သိုဝှက်ထားမှုများကို  ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့ပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေသည်။
 
Wed, 03/11/2020 - 21:18
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်   မတ်လ ၁၀ ရက်နေ့က  ရှမ်းပြည်နယ်(မြောက်ပိုင်း)  လားရှိုးမြို့မှ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံစဉ် ကူးစက်ရောဂါကင်းဝေးရေး၊ မူးယစ်ဆေးဝါး အန္တရာယ်ကင်းဝေးရေး၊ ပြည်သူများ စည်းကမ်းလိုက်နာရေး၊  သိက္ခာ ရှိရေးတို့ကို အလေးထားပြောကြားခဲ့သည်။
 
Mon, 03/09/2020 - 21:14
စေတနာ့ဝန်ထမ်းဆိုသည်မှာ  အခကြေးငွေ၊  အကျိုးအမြတ် တစ်စုံတစ်ရာမျှ မယူဘဲ  တစ်စုံတစ်ယောက်အတွက်ဖြစ်စေ၊  အများအတွက်ဖြစ်စေ အနစ်နာ ခံ၍  အချိန်ပေးဆောင်ရွက်နိုင်သူကို   ခေါ်ဆိုသည်။    တစ်နည်းဆိုလျှင် ကောင်းမြတ်သောစေတနာဖြင့် အမှုကိစ္စဝန်တစ်ခုကို အခမဲ့ထမ်းဆောင်ခြင်း ဖြစ်သည်။ စေတနာ့ဝန်ထမ်းလုပ်ငန်းကို နိုင်ငံတကာတွင် Volunteer အဖြစ် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ကြပြီး မြန်မာနိုင်ငံတွင် လူမှုရေးလုပ်ငန်းများ အဖြစ် ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။
 
Sun, 03/08/2020 - 21:21

အယ်ဒီတာ့အာဘော်

==============

Sun, 03/08/2020 - 00:47
တပေါင်းလသည် မပူလွန်း၊ မအေးလွန်း ရာသီဥတု မျှတသောကာလ ဖြစ်ပါသည်။  ဥဒေါင်းငှက်အပေါင်းတို့  ပျော်မြူးတွန်ကျူးသောလ၊ တောပန်း တောင်ပန်းတို့  ဖူးပွင့်ဝေဆာရောင်စုံဖြာနေသောလဖြစ်သည်။  သဘာဝ အလှတရားများ ပြည့်စုံကြွယ်ဝနေသောလတွင် ကောင်းခြင်းမင်္ဂလာအပေါင်း တို့ စတင်ဖြစ်ပေါ်လာကြသည်။  
 
Thu, 03/05/2020 - 01:32
မြန်မာနိုင်ငံတွင် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ၏ လူဦးရေ ပမာဏသည် လူငယ်အားလုံး၏ထက်ဝက်ခန့်ရှိသည်။ လူငယ်လူရွယ် များသည် တိုင်းပြည်အနာဂတ်အတွက် အားထားရမည့် မျိုးဆက်သစ်များ ဖြစ်၍ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရမည်ဖြစ်သည်။
 

Pages