Skip to main content

မြန်မာ့လယ်ယာထုတ်ကုန်များကို သဘာဝအခြေပြု တန်ဖိုးမြှင့်ခြင်း

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကောင်းမွန်သော ရာသီဥတုအရ သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းကာ လူဦးရေအများစုမှာ လယ်ယာလုပ်ငန်းနှင့် လယ်ယာအခြေပြု စီးပွားရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပါသည်။ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ငရုတ်၊ ကြက်သွန်နှင့် သစ်သီးဝလံအမျိုးအစား အများအပြားသည် မြန်မာ့အဓိကထွက်ကုန်များ ဖြစ်ကြသည်။

အရောက်လှမ်းခဲ့ပြီ မူပိုင်ခွင့်ပန်းတိုင်သစ်ဆီ

မူပိုင်ခွင့်ဆိုသည်မှာ မိမိ၏ကိုယ်ပိုင်အသိဉာဏ်ကိုအသုံးပြု၍ ပြုလုပ်ထားသော တီထွင်မှုနှင့် ဖန်တီးမှုများရလဒ်များကို အသုံးပြုရန်နှင့် အကာအကွယ်ပေးရန် ဥပဒေအရ ပေးအပ်သည့် အခွင့်အရေးများကို ဆိုလိုသည်။ နည်းပညာဆန်းသစ်တီထွင်မှုများ၊ ဆန်းသစ်သောထုတ်ကုန်ဒီဇိုင်းနှင့် ထုပ်ပိုးမှုဒီဇိုင်းများ၊ ထုတ်ကုန်များတွင် အသုံးပြုသည့် အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုသည့်အမှတ်တံဆိပ်များနှင့် စာပေနှင့် အနုပညာဖန်တီးမှုများ ပါဝင်သည်။
Subscribe to