Skip to main content

ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေး

ဖွံ့ဖြိုးတိုးတက်မှုဟာ ဖြစ်ထွန်းမှုတွေ၊ အသစ်ဖန်တီးမှုတွေနဲ့ စည်စည်ကားကားရှိနေပေမယ့် စစ်ပွဲတွေကတော့ အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ကိုပဲ ဦးတည်နေပြီး တွေ့သမျှမြင်ကွင်းကို အနိဋ္ဌာရုံတွေနဲ့ ပြည့်နေစေတော့တာပါပဲ။ စစ်နဲ့ကြုံလိုက်ရင် ရုပ်ဝတ္ထုမှန်သမျှဟာ ပျက်စီးသွားနိုင်တယ်။ လူအပါအဝင် သက်ရှိအရာမှန်သမျှကို အပြင်ဒဏ်ရာတွေများစွာဖြစ်သွားစေနိုင်သလို ကုသရခက်တဲ့ နက်နက်ရှိုင်းရှိုင်း ကြေကွဲစရာဝေဒနာတွေကိုပါ ဖြစ်သွားစေပါတယ်။

လူတိုင်းအတွက် အရည်အသွေးပြည့်စာရင်းအင်း (Quality Statistics for Everyone)

စာရင်းအင်းအချက်အလက်များသည် နိုင်ငံနှင့် ပြည်သူအားလုံး၏ အကျိုးအတွက် အဓိကအခန်း ကဏ္ဍမှ အထောက်အပံ့ပေးနေခြင်းကို အသိအမှတ်ပြုရန် ရည်ရွယ်ချက်ဖြင့် ကုလသမဂ္ဂအဖွဲ့က ပထမဆုံး ကမ္ဘာ့စာရင်းအင်းနေ့ကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် စတင်ကျင်းပခဲ့ပါသည်။ ကမ္ဘာ့စာရင်းအင်းနေ့ကို ငါးနှစ်လျှင် တစ်ကြိမ် ကျင်းပရန် သတ်မှတ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ အခမ်းအနားများ ကျင်းပခဲ့ကြပါသည်။
Subscribe to