တက်ညီ၊ လက်ညီ . . . . . ဒီမိုကရေစီ ပန်းတိုင်ဆီသို့
ဒီနေ့၊ ဒီအချိန်၊ ဒီကာလမှာ နိုင်ငံတော်နဲ့ ပြည်သူအားလုံးရဲ့ ပန်းတိုင်ကတော့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးပဲဖြစ်ပါတယ်။ ဒီပန်းတိုင်ကိုအမြန်ရောက်ရှိဖို့ ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ရေးဟာ အလွန်အရေးကြီးတဲ့အတွက် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိအောင် တပ်မတော်ကလမ်းကြောင်းခင်းပေးလျက်ရှိနေပါတယ်။ တပ်မတော်က ခင်းပေးတဲ့လမ်းကြောင်းမှာ ပါတီစုံဒီမိုကရေစီစနစ်ရဲ့အသက်သွေးကြောဖြစ်တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ အလွန်အင်မတန်အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်။
