ရုရှား - မြန်မာ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ ဂိတ်တံခါး - နိုဗိုစီဗစ်
တန်ဆောင်မုန်းလပြည့်ည၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အထက်ကောင်းကင်ယံသို့ ရုရှား-မြန်မာချစ်ကြည်ရေးအထိမ်းအမှတ် မီးပုံးပျံကြီးက ငြိမ့်ငြိမ့်ညင်သာ တင့်တယ်လှပစွာ တက်သွားသည်။ မီးပုံးပျံတွင် မီးလုံးကလေးများဖြင့် စီခြယ်ချိတ်ဆွဲထားသည့်စာသားမှာ အင်္ဂလိပ်ဘာသာဖြင့် “NOVOSIBIRSK” ဟူ၍ ဖြစ်သည်။
