Skip to main content

ကမ္ဘာ့နိုင်ငံများတွင်ဆောင်ရွက်နေသည့် MSME လုပ်ငန်းများ

ယနေ့ခေတ် ကမ္ဘာ့နိုင်ငံများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတည်ထောင်ခြင်းကို မြှင့်တင်ဆောင်ရွက်နေသည်။ MSME လုပ်ငန်းများသည်ကမ္ဘာ့စီးပွားရေး၏ မောင်းနှင်အားများအဖြစ်တည်ရှိနေပြီး စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးကိုလည်း အကူအညီပေးနေကြောင်း တွေ့ရှိရသည်။ MSME လုပ်ငန်းများသည် ကမ္ဘာပေါ်ရှိ လုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကိုလည်းကောင်း၊ ကမ္ဘာပေါ်ရှိ အလုပ်အကိုင်နေရာ ၅၀ ရာခိုင်နှုန်းကိုလည်းကောင်း ကိုယ်စားပြုနေကြောင်း တွေ့ရှိရသည်။

EV သက်တမ်းရှည်စေဖို့ နည်းလမ်းတကျ သုံးစွဲစို့

EV ဘက်ထရီသည် ဘက်ထရီဆဲလ်ရာဂဏန်း (သို့မဟုတ်) ထောင်ဂဏန်းပေါင်းများစွာကို အစဉ်လိုက် အပြိုင်ချိတ်ဆက်ထားခြင်းဖြစ်ပါသည်။ ဘက်ထရီဆဲလ်များကို တိကျစွာ ဂရုတစိုက်ထုတ်လုပ်ထားသော်လည်း မည်သည့်ဆဲလ်နှစ်လုံးမဆို စွမ်းဆောင်ရည်၊ အတွင်းခုခံအားနှင့် မိမိဘာသာအားကုန်ဆုံးနှုန်းတို့ အတိအကျတူညီခြင်းမရှိပါ။ ဘက်ထရီဆဲလ်များရှိ ဗို့အားများ ဟန်ချက်ညီမျှတမှု (Cell Balancing)မရှိသော ဘက်ထရီသည် အလွန်အကျွံအားသွင်းခြင်းနှင့် အားကုန်ခြင်း ဖြစ်နိုင်ခြေပိုများ၏။ ဗို့အားပိုများသည့် ဆဲလ်များမှ ဗို့အားထုတ်သုံးနေစဉ် ဗို့အားနည်းသော ဆဲလ်တစ်ခုသည် ဗို့အားကုန်သွားပါက ဆက်လက်ထုတ်စရာ ဗို့အားမရှိတော့ဘဲ ရေရှည်တွင် ပျက်စီးမှုများဖြစ်ပေါ်‌စေနိုင်၏။ ဆန့်ကျင်ဘက်အရ အားသွင်းချိန်တွင် ဗို့အားပိုများသောဆဲလ်များကို သတ်မှတ်ဗို့အားသို့ အရင်ရောက်ရှိချိန်၌ ဗို့အားနည်းသောဆဲလ်များကို ဆက်လက်အားသွင်းလျှင် သတ်မှတ်ဗို့အားရှိပြီး ဆဲလ်များကို ဆက်လက်အားသွင်းမိပြီး လွန်ကဲစွာအားသွင်းမိနိုင်၏။ ဤအခြေအနေနှစ်မျိုးလုံးသည် ဘက်ထရီယိုယွင်းပျက်စီးမှုကို မြင့်တက်စေနိုင်၏။
Subscribe to