မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကစိုက်ပျိုးထုတ်လုပ်သောနိုင်ငံဖြစ်ပါသည်။ ဆန်သည် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအားလုံးက အဓိကအစားအစာအဖြစ် နေ့စဉ်စားသုံးနေသော စွမ်းအားဖြည့်အာဟာရဖြစ်ပါသည်။ ဆန်စပါးသည် မြန်မာနိုင်ငံ၏ အဓိကကျသည့် စားသုံးကုန်သီးနှံဖြစ်သကဲ့သို့ နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်သော မဟာဗျူဟာမြောက်သည့် စိုက်ပျိုးရေးထွက်ကုန်တစ်ခုလည်းဖြစ်ပါသည်။