စာဖတ်ခြင်းသည် လူတစ်ဦးတိုးတက်စေရန် အကောင်းဆုံးအလေ့အထပင်ဖြစ်သည်။ ကြီးပွားတိုးတက်သူအများစုသည် စာဖတ်သူများဖြစ်ကြသည်။ တန်ဖိုးမဖြတ်နိုင်သော သတင်းအချက်အလက်များကို စာအုပ်စာစောင်များမှ ရှာဖွေစုဆောင်းကြသည်။ ဗဟုသုတရှာဖွေကြသည်။ ထို့နောက် အကျိုးရှိစွာအသုံးချကြသည်။ ကမ္ဘာကျော်ပုဂ္ဂိုလ်များသည် အတွေးအခေါ်များကို စာအုပ်ထဲမှ ရှာဖွေခဲ့ကြသည်။ စာဖတ်ခြင်းသည် အသစ်အသစ်သော စိတ်ကူးစိတ်သန်းများ ရှင်သန်လာစေပြီး အဆုံးမရှိသောအကျိုးကျေးဇူးများ ရရှိစေနိုင်သည်။ အထူးသဖြင့် ဘဝတွင် တိုးတက်အောင်မြင်ကြီးပွားပြီး ကြွယ်ဝချမ်းသာစေနိုင်ပါသည်။ အောင်မြင်သူအများစုသည် ၎င်းတို့၏အချိန် ၈၀ ရာခိုင်နှုန်းခန့်ကို စာဖတ်ခြင်းဖြင့် ကုန်ဆုံးလေ့ရှိကြသည်။