နိုင်ငံတော်တစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အအုံများတွင် လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့စေရေးကို အထောက်အကူဖြစ်စေသည့်လမ်းများ ဖောက်လုပ်ပေးနိုင်ခြင်းသည် အရေးကြီးပါသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုသည် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားစေရန် အထောက်အကူပြုနိုင်သကဲ့သို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက် အလေးထားစဉ်းစားသည့် ကဏ္ဍတစ်ရပ်လည်းဖြစ်သည်။ ထို့အတူ ဒေသခံပြည်သူများ၏ လိုလားချက်လည်း ဖြစ်ပေသည်။