ယနေ့ကာလသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် အရေးကြီးသည့် အခြေခံအုတ်မြစ်ကို စိုက်ထူနိုင်သည့်ကာလဖြစ်သည်။ အဆိုပါအခြေခံအုတ်မြစ်ကို အလွယ်တကူ စိုက်ထူနိုင်ခဲ့ခြင်းမဟုတ်ပေ။ နယ်ချဲ့ဗြိတိသျှအစိုးရ၏ ပရိယာယ်အမျိုးမျိုး၊ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်အချို့နှင့် နိုင်ငံရေးခေါင်းဆောင်အချို့၏ နှောင့်ယှက်မှုများကြားမှ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီးများ၏ မနေမနားကြိုးပမ်းအားထုတ်မှုများနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူများနှင့် လူထုလူတန်းစားအားလုံးတို့၏ တစ်သွေးတည်း တစ်သားတည်းစုစည်းညီညွတ်မှုဖြင့် အခိုင်အမာစိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။