ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်မြို့ဖြစ်သည့် ဒလမြို့ဟောင်း (ခေါ်) တွံတေးမြို့
တွံတေးမြို့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ရှိပြီး ရှေးဟောင်းစေတီပုထိုးများ၊ မြို့ရိုးမြို့ဟောင်းများ၊ ကျုံးများ၊ စဉ့်ဖိုများ စသည့် မြို့အင်္ဂါရပ်နှင့်အညီ တည်ဆောက်ထား သည့် ရှေးဟောင်းအမွေ အနှစ်များစွာရှိသော ဒေသတစ်ခုပင် ဖြစ်သည်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနနှင့် မြန်မာနိုင်ငံစဉ့်အသင်းတို့ ပူးပေါင်း၍ ၁၉၉၉ ခုနှစ်က တူးဖော်ထိန်း သိမ်းထားသော တွံတေးတောကြီးတန်း ရန်ကုန်ပါဒကျေးရွာအုပ်စု ကန်ကြီးကုန်းကျေးရွာ ကျောက်ဖျာစမ်းရှိ ဦးကြာသန်း-ဒေါ်ညွန့်ရီခြံအတွင်း၌ ရှေးဟောင်းစဉ့်ဖိုအမှတ် (၁) နှင့် စဉ့်ဖိုအမှတ်(၂) ဟူ၍ အမြွှာညီနောင်ဖို နှစ်ဖိုနှင့် ဘုရားကြီးက