Skip to main content

ဒေသအလိုက် သီးနှံထုတ်လုပ်မှုမှသည် နိုင်ငံတော်၏ ရိက္ခာစွမ်းအားစုဆီသို့

ကမ္ဘာဦးကာလမှသည် ယနေ့မျက်မှောက်ခေတ်တိုင်အောင် လူသားတို့၏ အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးသော လိုအပ်ချက်မှာ စားနပ်ရိက္ခာပင်ဖြစ်သည်။ အထူးသဖြင့် စိုက်ပျိုးရေးကို အခြေခံသော မြန်မာနိုင်ငံကဲ့သို့သောနိုင်ငံများတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေးမောင်းနှင်အား ဖြစ်ရုံသာမက ပြည်သူတို့၏ အသက်သွေးကြောလည်းဖြစ်ပါသည်။ “လယ်ယာကဏ္ဍဖွံ့ဖြိုးမှ နိုင်ငံစီးပွားတိုးတက်မည်” ဟူသော မျှော်မှန်းချက်နှင့်အညီ ဒေသတစ်ခုချင်းစီ၏ ရေမြေတောတောင် သဘာဝအလိုက် သီးနှံများစွမ်းအားပြည့်စိုက်ပျိုးထုတ်လုပ်နိုင်မှုသည် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံမှုကို တိုက်ရိုက်အချိုးကျ အထောက်အကူပြုလျက်ရှိပါသည်။

အယ်လ်နီညိုနှင့် တောင်သူသီးနှံများအတွက် လိုအပ်ချက် နည်းပညာများ

၂၀၂၆ ခုနှစ်တွင် El Nino (အယ်လ်နီညို) ဖြစ်ပေါ်လာနိုင်ခြေမြင့်မားနေကြောင်း ကမ္ဘာ့ရာသီဥတုခန့်မှန်းရေးအဖွဲ့များက ခန့်မှန်းနေကြပါသည်။ အယ်လ်နီညိုဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိပင်လယ်ရေ မျက်နှာပြင်အပူချိန်ပုံမှန်ထက် ပိုမိုပူနွေးလာခြင်းဖြစ်ပါသည်။ ထိုအပူတိုးလာမှုကြောင့် ကမ္ဘာတစ်ဝန်းရာသီဥတုပုံစံများ ပြောင်းလဲသွားပါသည်။ အယ်လ်နီညိုဖြစ်လာသောအခါ တချို့နိုင်ငံများတွင် မိုးခေါင်ခြင်း၊ တချို့ဒေသများတွင် ရေကြီးခြင်း၊ အပူလှိုင်းများဖြစ်ခြင်း၊ စိုက်ပျိုးရေးထိခိုက်ခြင်း၊ မြေဆီလွှာအတွင်း ရေအရင်းအမြစ်လျော့နည်းလာနိုင်ခြင်း၊ အပင်ဖျက်ပိုးမွှားနှင့် ရောဂါများတိုးပွားလာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။

အလေးအနက်ပေးဝေ ပညာအမွေ

ပညာခေတ်ကြီးထဲမှာ သေစာရှင်စာထက် ပိုပြီးပညာကို မသင်ချင်ကြတဲ့ကိစ္စကနိုင်ငံအတွက် အတော်အန္တရာယ်ကြီးတဲ့ကိစ္စဗျ။ မြန်မာနိုင်ငံမှာ စာတတ်မြောက်ရေးလှုပ်ရှားမှုတွေရဲ့ ကျေးဇူးကြောင့် လူဦးရေရဲ့ ၉၂ ဒသမ ၁ ရာခိုင်နှုန်းက အခြေခံအရေး၊ အဖတ်၊ အတွက်အချက်တတ်မြောက်ကြတယ်။ လူ ၁ဝ ယောက်မှာ ၉ ယောက် စာတတ်ကြတယ်ပေါ့ဗျာ။ အဲဒီလိုစာတတ်မြောက်မှုနှုန်းမြင့်မားတယ်ဆိုပေမယ့် နိုင်ငံအတွက်အားကိုးအားထားပြုရမယ့် ပညာတတ်ဦးရေကတော့ အင်မတန်မှနည်းပါးလှပါတယ်။ နည်းပါးရတဲ့အကြောင်းရင်းကို ကြည့်လိုက်တော့ ပညာကိုတန်ဖိုးထားပြီး လေးလေးနက်နက် သင်ပေးလိုမှုတွေ ကင်းမဲ့ကြလို့ဆိုတာကို တွေ့ရပါတယ်။
Subscribe to