AI အသုံးပြု၍ထုတ်လုပ်ထားသော Content များအတွက် မူပိုင်ခွင့်များ (၁)
AI နည်းပညာကို ကဏ္ဍပေါင်းစုံ၌ တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည့် ယနေ့ခေတ်တွင် အကြောင်းအရာ content များ ဖန်တီးထုတ်လုပ်ရာ၌ AI ကို ပုံစံတစ်မျိုးမျိုး (သို့မဟုတ်) အခြားနည်းလမ်းတစ်ခုခုဖြင့် အသုံးပြုလျက်ရှိကြသည်။ ရိုးရှင်းသည့်နည်းလမ်းဖြစ်သော Chat GPT ကိုသုံး၍ စာသားများရေးခြင်း၊ blog တစ်ခုအတွက် (သို့မဟုတ်) ဆောင်းပါးတစ်ပုဒ်အတွက် (သို့မဟုတ်) အီးမေးလ်များ ပေးပို့ခြင်းများအတွက် အသုံးပြုသလို အချို့ရုပ်ပုံများ ထုတ်လုပ်သကဲ့သို့ ဆန်းပြားရှုပ်ထွေးသည့် အရာများဖန်တီးရာတွင်လည်း AI ကို အသုံးပြုကြပါသည်။ ထိုကဲ့သို့ လုပ်ဆောင်မှုများအတွက် AI ကို အသုံးပြုပြီး ရေးသားထုတ်လုပ်လာသည့်အပေါ် မူပိုင်ခွင့်ဥပဒေက မည်ကဲ့သို့ သတ်မှတ်သလဲ၊ မြန်မာနိုင်ငံတွင်လည်း AI အသုံးပြု၍ ထုတ်လုပ်ထားသည့် Content များအတွက် မူပိုင်ခွင့်များကို မည်ကဲ့သို့ သတ်မှတ်ထားသလဲဆိုသည်မှာ မေးစရာဖြစ်လာပါသည်။
