၁၉၆၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ပေါက်ခေါင်းမြို့အဝင် ကျပ်တုန်းဇရပ်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ လာရောက်ကြတဲ့ ရဲဘော်ဌေး၊ ရဲဘော်အောင်ကြီး၊ ဗိုလ်ဇေယျ၊ ဗိုလ်စိုးမောင်တို့ပါဝင်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်တွေကို ခလရ(၂၃)မှ တပ်မတော်သားတွေနဲ့ ဒေသခံပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ပါတယ်။ အဲဒီ သတင်းကိုကြားရတဲ့ မြန်မာပြည်သူတွေရဲ့ရင်ထဲမှာ အင်မတန် ကြည်နူးဝမ်းမြောက်ခဲ့ကြရပါတယ်။