Skip to main content

ညောင်နှစ်ပင်၏ အနာဂတ်

ကျွန်တော်တို့အဖွဲ့ မှော်ဘီမြို့နယ် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်ကို ရောက်သည့်အခါ ရာသီဥတုက မိုးအနည်းငယ်အုံ့နေသည်။ မိုးဖွဲကလေးပင် မသိမသာကျလျက်ရှိသည်။ ညတုန်းက ရွာချထားသောမိုးကြောင့် လမ်းများက ရေဝပ်သည့်နေရာဝပ်နေသည်။ ဂဝံခင်းထားသည့် လမ်းများဖြစ်၍ ဗွက်မနစ်သော်လည်း ယာဉ်မောင်းများ ဂရုစိုက်၍ မောင်းနေကြရသည်။ အမျိုးသားညီလာခံ ခန်းမကြီးမရောက်မီ အဝိုင်းကြီးကို ပတ်ရသည်။ တစ်ချိန်တုန်း ကတော့ ပန်းပေါင်းဝေဆာ ရောင်စုံဖူးပွင့်၍ လှချင်တိုင်းလှနေမည့် အဝိုင်းကြီးကား ယခုတော့ မြက်များဖြင့် ဖုံးလွှမ်းလျက်ရှိချေသည်။ အမျိုးသားညီလာခံ ခန်းမကြီးသို့ ရောက်သောအခါ နိုင်ငံတော် အကြီးအကဲက ညီလာခံခန်းမကြီးအတွင်း သို့ ဝင်ရောက်စစ်ဆေးသည်။
Subscribe to