May 15, 2024
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲ ကြုံတွေ့နေရပါက မည်သို့သော အခြေအနေဖြင့် ကြုံတွေ့နေရသည့်တိုင် နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများ ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိရေး ဆောင်ရွက်ပေးလျက်ရှိသည်။
May 15, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးနှင့် ခရိုင်ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ ထန်းတပင်နှင့် ဒိုက်ဦးမြို့နယ်ဦးစီးမှူးများ၊ စာကြည့်တိုက်သင်တန်းတက်ရောက်နေသည့် မြို့နယ်ဦးစီးမှူးများအား တွေ့ဆုံမှာကြားသည်။
May 15, 2024
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရန်ကုန်မြို့ရှိ ကာတာသံရုံး သံရုံးယာယီ တာဝန်ခံ/ သံအမတ် Dr. Rashid Adbulla Al-Kuwari ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
May 15, 2024
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
May 15, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) မှ ရဟန်းတော်များ၊ ပိဋကတ် ဘာသာပြန်စာတည်းကော်မတီအဖွဲ့မှ တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲပိုင်းတွင် ကမ္ဘာအေးကုန်းမြေရှိ ပိဋကတ်တိုက် အဆောက်အဦ ဗုဒ္ဓသုတေသနစာကြည့်တိုက်၌ တွေ့ဆုံသည်။
May 15, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များ၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့မှ စာပေပညာရှင်များနှင့် တွေ့ဆုံသည်။
May 15, 2024
ရန်ကုန်တိုင်းဒေသကြီး “စာကြည်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ကျင်းပသည်။
May 15, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) မှ မျက်စိအထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်ကြီး (ဆေးပညာ) နှင့် အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့က ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) ၌ နေပြည်တော်အလင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အခမဲ့မျက်စိခွဲစိတ်ကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
May 15, 2024
ရုပ်ရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ အပြီးသတ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 15, 2024
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “အစိုးရကတည် အကြမ်းဖက်သမားကဖျက်နဲ့ တိုးတက်ဖို့ဝေးနေတဲ့ မြန်မာပြည်မှ လမ်း၊ တံတားများ” ခေါင်းစဉ်ဖြင့် မေ ၁၅ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
May 15, 2024
တေးသီချင်းဗီဒီယိုများကို နည်းလမ်းမျိုးစုံဖြင့် ရိုက်ကူးထုတ်လွှင့်ပြသမှုများ ဆောင်ရွက်ခြင်းမပြုမီ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေတို့အရ ရုပ်ရှင်ဆင်ဆာအဖွဲ့နှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့သို့တင်ပြပြီး စစ်ဆေးခွင့်ပြုချက်ရယူဆောင် ရွက်သွားရမည်ဖြစ်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အသိပေးကြေညာခဲ့ပြီးဖြစ်သော်လည်း တေးသီချင်းဗီဒီယိုများကို ထုတ်လုပ်သူများက ၎င်းတို့၏တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်လိုကြောင်း တင်ပြမှုများရှိသည့်အတွက် ဆင်ဆာမူဝါဒများအား ထိခိုက်စေနိုင်ခြင်းမရှိစေရေး မိမိတို့ကိုယ်တိုင် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့်စိစစ်ပြီး ရိုက်ကူးထုတ်လွှင့်ပြသမှုများ ဆောင်ရွက်နိုင်ကြောင်းနှင့် ဆင်ဆာတင်ပြခွင့်ပြုချက်ရယူပြီး ဆောင်ရွက်လိုပါကလည်း အမြန်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။
May 15, 2024
၁။ နိုင်ငံရေးပါတီတည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၅ ဖွဲ့ရှိပါသည်။ ယင်းသို့ လျှောက်ထားသည့်အဖွဲ့များအနက် နိုင်ငံရေးပါတီ ၁၂ ပါတီကို တည်ထောင်ခွင့်ပြုခဲ့ပြီး ၂ ပါတီကို တည်ထောင်ခွင့်ငြင်းပယ်ခဲ့ပါသည်။
May 15, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ ပြောင်းရွှေ့ခန့်ထားလိုက်သည်။
May 15, 2024
- မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန်။
May 15, 2024
‘‘ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့’’
May 15, 2024
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို နိုင်ငံတော်က အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
May 15, 2024
နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးမောင်းနှင်အားအားကောင်းပါမှ အခြားကဏ္ဍများ တိုးတက်ခိုင်မာကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ စီးပွားရေးမောင်းနှင်အား ကောင်းမွန်စေရန်အတွက် ပြည်တွင်းစွမ်းပကားများဖြင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန် မြှင့်တင်အားပေးဆောင်ရွက်ကြသည်။ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားမြင့်မားလာမည်ဖြစ်သည်။
May 15, 2024
ကမ္ဘာ့နိုင်ငံများအလယ်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် တင့်တင့်တယ်တယ် ရပ်တည်နိုင်ရန်အတွက် နိုင်ငံ၏အင်္ဂါရပ်များဖြစ်သော ပိုင်နက်နယ်နိမိတ်၊ နိုင်ငံသားများ၊ အစိုးရနှင့် အချုပ်အခြာအာဏာ ပိုင်စိုးမှုတို့လိုအပ်သည်။ သို့အတွက် နိုင်ငံတိုင်းက မိမိတို့၏ပိုင်နက်နယ်နိမိတ်များ တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် အမျိုးသားအကျိုးစီးပွား ထိပါးမခံရအောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို အခါမလပ် အားထုတ်ကြိုးပမ်းနေကြရသည်။ နိုင်ငံကို ကာကွယ်နိုင်ရေးအတွက် ကြည်း၊ ရေ၊ လေ အမြဲတမ်းတပ်မတော်များ အင်အားတောင့်တင်း ခိုင်မာအောင် တည်ဆောက်ထားကြသကဲ့သို့ အရန်အင်အားများကိုလည်း ဥပဒေပြဋ္ဌာန်းကာ နည်းလမ်းအမျိုးမျိုးဖြင့် ပြင်ဆင်စုဖွဲ့ထားကြရမြဲဖြစ်သည်။
May 14, 2024
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်မှ အူမကြီးကင်ဆာရောဂါဖြင့် ကွယ်လွန်သည်မှာ ၆ လခန့်ရှိပြီဖြစ်သည့် အသက် ၂၇ နှစ်အရွယ် ဖိုးသောကြီးမှာ စစ်မှုထမ်းဆောင်ရန် အမည်စာရင်းပါရှိသည့်အတွက် ၎င်းအစား အိမ်ရှိလူငယ်တစ်ဦးကို အစားထိုးထည့်သွင်းပေးရန် တာဝန်ရှိသူများက ပြောဆိုခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။
May 14, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲသို့ မေလ ၁၃ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး၊ ၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်စာမျက်နှာများတွင် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။