Skip to main content

Oct 20, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် မေယုလမ်းမြေသားပြုပြင်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2024

​​​​​​​၁။      ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်မှ ၂၄ ရက်ထိကာလအတွင်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းရေပြင်၌ ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်းများ(Live Firing)ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လေ့ကျင့် ခန်းဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်စသည့် Coordinates အမှတ်များ ဆက်ဆွဲထားသည့်ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန်ကြေညာထားရှိပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2024

မြန်မာနိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဆိုသည့် ညီနောင်သားချင်း တိုင်းရင်းသားများ ပေါင်းစုနေထိုင်သည့်နိုင်ငံဖြစ်သလို မြန်မာ့ရိုးရာယဉ်ကျေးမှုသည်လည်း သမိုင်းအစဉ်အလာကြီးမားစွာ ရပ်တည်လာခဲ့သည့်အတွက် မြန်မာတို့၏ ထူးခြားမြင့်မြတ်သည့် အစဉ်အလာများနှင့်အတူ အမျိုးဂုဏ်၊ ဇာတိဂုဏ် ပိုမိုထွန်းတောက်ရေး၊ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟူ၍ ဝင့်ကြွားစွာနှင့် ဂုဏ်သိက္ခာရှိစွာရပ်တည် နိုင်ရေးအတွက် အမျိုးသားယဉ်ကျေးမှုများကို ဆက်လက်ထိန်းသိမ်းရန် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ ယခုငွေရတုအထိမ်းအမှတ်အဖြစ် ကျင်းပနေသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည်လည်း ခြောက်ရက်မြောက်နေ့တိုင်ခဲ့ပြီဖြစ်ပြီး ယနေ့တွင် ပြိုင်ပွဲအသီးသီး၌ တာဝန်ယူရသူများနှင့် ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြပေးလိုက်ရပါသည်-

ဆက်လက်ဖတ်ရှုရန်

Oct 20, 2024

ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ဆက်လက်တည်ရှိနေသည်။ အဆိုပါ လေဖိအားနည်းဆဲလ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့၌ ၂၁-၁၀-၂၀၂၄ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့လည်းကောင်း၊ ၂၃-၁၀-၂၀၂၄ ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ရတနာပုံစက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆောင်ရွက်နေမှု၊ ဝါကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေး သည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2024

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသော ဆရာတော်ကြီးကိုးပါး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် ဗုဒ္ဓဘာသာ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နင်းဘိုမြို့၌ ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် ဆဋ္ဌမအကြိမ် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2024

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်၌ ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိရာ အောက်တိုဘာ ၁၉ ရက်တွင် ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၏ ရင်တွင်းခံစားချက်စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2024

၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2024

​​​​​​​မြန်မာနိုင်ငံသည် ဆန်စပါးအဓိကစိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအားလုံး၏ အဓိကစားသုံးကုန်မှာ ဆန်ဖြစ်သည်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ပြီး စိုက်ပျိုးထုတ်လုပ်မှုစရိတ်နှင့် ဈေးကွက်ပေါက်ဈေး လျော်ကန်သင့်မြတ်ပါမှ တောင်သူလယ်သမားများ အကျိုးစီးပွားဖြစ်ထွန်းမည်ဖြစ်သည်။ တောင်သူလယ်သမားများ အဆင်ပြေပြီးဈေးကွက်တည်ငြိမ် သင့်တင့်မျှတပါမှ စားသုံးသူအခြေခံပြည်သူများပါ လူမှုစီးပွားဘဝ ချောမွေ့စေမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2024

သီတင်းကျွတ်ပွဲတော်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိမြို့ရွာများတွင် ဗုဒ္ဓဘာသာအစဉ်အလာမပျက် ကုသိုလ်ကောင်းမှုပြုကြသူများနှင့် စည်ကားခဲ့သည်။ ပြီးခဲ့သည့်လအတွင်းက သဘာဝဘေးအန္တရာယ်ကြီး ကျရောက်မှုကြောင့် နိုင်ငံအတွင်းရှိ မြို့နယ်များ၏ ၁၆ ရာခိုင်နှုန်းခန့်တွင် စုစုပေါင်းလူဦးရေ တစ်သိန်းခွဲ၊ နှစ်သိန်းခန့်ရေဘေးနှင့် ရင်ဆိုင်ခဲ့ကြရသည့်အတွက် ကူညီကယ်ဆယ်မှုများ၊ ပြန်လည်ထူထောင်မှုများကို အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ကြရသည်။ ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများမှာ နောက်ထပ်လအနည်းငယ်ကြာ ဆက်လက်ဆောင်ရွက်ကြရဦးမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ မြန်မာဟူသည် ဖြစ်မြဲသဘာဝ လောကဓမ္မကို ကောင်းစွာဆင်ခြင်နားလည်နိုင်ကြသူများပီပီ ရင်ဆိုင်ကြုံတွေ့ရသမျှအပေါ်တွင် သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းကာ ပျော်ချိန်ရောက်လျှင် ပျော်တတ်ကြစမြဲဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်