Sep 29, 2022
ကော်မရှင်အနေဖြင့် အများ ပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်မှုအနေ ဖြင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း (၃၈) ခုတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) များ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ CPU များကို ဖွဲ့စည်းခြင်းဖြင့် ဝန်ထမ်းများ အတွင်း အဂတိကင်းရှင်းစေရန်၊ ကြိုတင်ကာကွယ်မှုဖြစ်စေရန်နှင့် အသေးစား အဂတိလိုက်စားမှု (Petty Corruption) ကို ဟန်ချက်ညီညီ ထိရောက်စွာ တိုက်ဖျက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောကြားသည်။
Sep 29, 2022
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဆက်စပ်ပြီး ရုပ်မြင်သံကြား ထုတ်လုပ်ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများနှင့် Content Provider များအနေဖြင့် ပြည်တွင်းရုပ်ရှင်ဇာတ်ကား/ဇာတ်လမ်းတွဲ၊ ပြည်ပရုပ်ရှင် ဇာတ်ကား/ဇာတ်လမ်းတွဲများအား ဗီဒီယိုဆင်ဆာ စိစစ်ခွင့်ပြုချက်ရယူပြီးမှ ပြသကြရတော့မည် ဖြစ်သည်။
Sep 29, 2022
မြန်မာနိုင်ငံသည် ရေမြေသဘာဝ မတူကွဲပြားသည့် အလှအပများနှင့်ယဉ်ကျေးမှု အမွေအနှစ်များ ပေါများသည့် နိုင်ငံဖြစ်၍ ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ တောင်ပေါ်၊ မြေပြန့်၊ ကမ်းရိုးတန်း၊ မြစ်ဝှမ်း၊ ပင်လယ်ကမ်းခြေ စသည့်တစ်မူထူးခြားသည့် သဘာဝရှုခင်းများ၊ သမိုင်းဝင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ အရောင်အသွေးစုံလင်သည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများနှင့် လူနေမှုဘဝပုံစံများ စသည်တို့သည် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်နိုင်သည့် အရင်းအမြစ်များဖြစ်သည်။
Sep 28, 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လုံခြုံ၍စွမ်းရည်ပြည့်ဝသော အမျိုးသားငွေပေးချေမှု စနစ်တစ်ရပ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိရာ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ မိုဘိုင်းငွေပေးချေမှုများမှတစ်ဆင့် ငွေကြေးလွှဲပြောင်း ဝန်ဆောင်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ကြပြီ ဖြစ်ပါသည်။
Sep 28, 2022
၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ စိစစ်ချက်များအရ SIM Card အသုံးပြုသူအချို့သည် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် စသည့် အချက်အလက်များကို မှန်ကန်စွာ ဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြုလျက်ရှိနေကြသည်ကို တွေ့ရှိနေရပါသည်။
Sep 28, 2022
မိဘပြည်သူများအနေဖြင့် အောက်ဖော်ပြပါနိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆(အထစ)နှင့် ပတ်သက်၍ အခက်အခဲများအား သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း အသိပေးအပ်ပါသည်-
Sep 28, 2022
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၂) ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
Sep 28, 2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမရှိ မြန်မာ့ကျောက်မျက် ရတနာပြတိုက်(ရန်ကုန်)နှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်ရှိ Star Mart Mandalay တို့တွင် ရွှေစင်တုံးနှင့် ရွှေစင်ခဲ (၃)ပိဿာစီကို စက်တင်ဘာလ ၂၉ ရက်နေ့ ၁၃:၀၀ နာရီမှ ၁၅:၀၀ နာရီအတွင်း သတ်မှတ်ထားသော တင်ဒါပုံစံဖြည့်စွက်လျက် ဈေးပြိုင်တင်ဒါစနစ်ဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက
Sep 28, 2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုဆေးဝန်ထမ်း တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်တွင် ပထမဆုံးအကြိမ်အဖြစ် အသည်းအစားထိုး ခွဲစိတ်ကုသမှု ဒုတိယနေ့ကိုယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်သည်။
Sep 28, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦမောင်ကို၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နေ့လယ်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ စက်မှုဇုန်ရှိ စက်မှုဇုန်ခန်းမတွင် မိတ္ထီလာခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံသည်။