Sep 27, 2022
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ဥပဒေအသစ် စတင်အကောင်အထည်ဖော်သည့် (၂၀၁၄-၂၀၁၅) ဘဏ္ဍာ နှစ်မှ ၈/၂၀၂၂ လအထိ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အရ အာမခံအလုပ်သမား ၁,၆၄၈,၁၇၅ ဦးအတွက် ငွေကျပ် ၇၇,၄၆၆ ဒသမ ၂၃၉ သန်းကို ခွင့်ပြုထုတ်ပေးခဲ့ပြီး အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်အရ အာမခံအလုပ်သမား ၆၃,၈၁၉ ဦးအတွက် ငွေကျပ် ၆,၉၇၇ ဒသမ ၉၆၃ သန်းကို ခွင့်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းကကျင်းပသည့် အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးသွားသော အာမခံအလုပ်သမား များ၏ ကျန်ရစ်သူမိသားစုများအား လူမှုဖူလုံရေး ဥပဒေနှင့်အညီ ကျန်ရစ်သူ အကျိုးခံစားခွင့် ထုတ်ပေးသည့် အခမ်းအနားမှ သိရသည်။
Sep 27, 2022
မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းကထုတ်ဝေသော ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်းနှင့် သတင်းမီဒီယာအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ Sports Hotel ၌ ကျင်းပရာ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးအေးမင်း က အဖွင့်အမှာစကား ပြောကြားသည်။
Sep 27, 2022
ဆံတော်တိုက်အဝင်အထွက် လုံခြုံရေးမှန်တပ်ဆင်ခြင်းနှင့် ဆံတော်တိုက်ပတ်လည်ရွှေချထားသည့် နံရံများ၌ Polycarbonate တပ်ဆင်လှူဒါန်း လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဆာဦးသွင်တန်ဆောင်း၌ ကျင်းပသည်။
Sep 27, 2022
အာရှ - အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO) ၏ အကြိမ်(၆၀) မြောက် အထွေထွေညီလာခံကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ကျင်းပလျက်ရှိရာ အဆိုပါအထွေထွေ ညီလာခံသို့ အာရှ - အာဖရိက ဥပဒေ အတိုင်ပင်ခံအဖွဲ့ (AALCO) ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Dr. Kamalinne Pinitpuvadol ၏ ဖိတ်ကြားချက်အရ အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO) အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဥပဒေ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့နှင့်အတူ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်တို့ တက်ရောက်လျက်ရှိသည်။
Sep 27, 2022
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင် ရေးသင်တန်း (၁/၂၀၂၂) တွင် အမှုတည်ဆောက်ခြင်း၊ သက်သေများနှင့် တရားခံများစစ်ဆေးခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာများ၊ First Information Report (FIR) ရေး ဖွင့်ခြင်းနှင့် မှုခင်းမှတ်တမ်းများ ဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးစီမံ ခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ သက်သေခံပစ္စည်းများ၊ အထောက်အထားများရှာဖွေခြင်း နှင့် သိမ်းဆည်းခြင်း၊ ငွေကြေးခဝါချမှုများနှင့် မြေအသုံးချမှုစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားရုံးတွင် စစ်မေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ထားရှိရမည့် သမာဓိတရား၊ ဝန်ထမ်းစည်းကမ်းဆိုင်ရာများနှင့် စုံစမ်းစစ်ဆေးရေးဝန်ထမ်းများ သိသင့်သိထိုက်သော အကြောင်းအရာများကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Sep 27, 2022
ယခုရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ နေ့စဉ် စိုးရိမ်ဖွယ်ရာတိုးလာသလို ပြန်လည်လျော့ကျသွားသည့် ရက်များလည်းရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ဓာတ်ခွဲစစ်ဆေး ရောဂါပိုးတွေ့ရှိသည့် လူနာများတွင် ယခင်ရက်က သေဆုံးရသည့် လူနာအချို့သည် ကာကွယ်ဆေးမထိုးထားခြင်း၊ ရောဂါအခံများရှိနေခြင်းတို့ကြောင့်ဟု သိရသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပြီး ထပ်ဆောင်းကာကွယ်ဆေးများပါ ထိုးထားရန်လိုပါသည်။ ထို့အပြင် ရောဂါအခံများရှိနေပါက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမရှိအောင် အထူးဂရုစိုက်နေထိုင်ကြရန် လိုအပ်ပါသည်။
Sep 27, 2022
“ငါးမှာ ငါးသလောက်” ဟူသည့် ဆိုရိုးစကားက ငါးသလောက်သည် အရသာအရှိဆုံး ငါးမျိုးဖြစ်ကြောင်း ဖော်ညွှန်းနေပြီး မြန်မာနိုင်ငံတွင် လူကြိုက်များသည့် ငါးမျိုးထဲတွင် ပါဝင်ကြောင်း ကိုလည်း ပြဆိုနေခြင်းဖြစ်သည်။ ငါးသလောက်ကို ဘင်္ဂလားပင်လယ်အော် ပတ်ဝန်းကျင် သုံးနိုင်ငံဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့က အဓိကထုတ်လုပ်ပြီး နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရောင်းချသည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ငါးသလောက် ဖမ်းဆီးရမိမှု ကျဆင်းလာပြီး ငါးအရွယ်အစားမှာလည်း သေးငယ်လာသည့် အခြေအနေသို့ ရောက်ရှိလာရာ ငါးသလောက်ငါး သယံဇာတမြှင့်တင်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်လာသည်။
Sep 26, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။