Skip to main content

Sep 30, 2022

တာဝန်ထမ်းဆောင်နေချိန်တွင် ဝန်ထမ်းများ၏ လူပုဂ္ဂိုလ် လုံခြုံရေး၊ ရုံးဌာန အဆောက်အဦနှင့် စက်ယာဉ် ယန္တရားများ လုံခြုံရေးကို အထူးဂရုပြုရန် လိုကြောင်း ဒုတိယဝန်ကြီး ဦးဝင်းဖေ ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2022

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတား မြို့နယ် ပန်းဆိုးတန်းလမ်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင် (ရုံးချုပ်)တွင် ကျင်းပသည့် “၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပင်လယ် ရေကြောင်းနေ့ (World Maritime Day 2022) အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2022

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကို နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ နေပြည်တော် မြို့တော်ခန်းမ လဟာပြင် ကဇာတ်ရုံ၌ ကျင်းပရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2022

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်း တွင် မင်းကင်းမြို့ရှိ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးရှိ မင်းရာဇာခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2022

ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ ကြီးကြပ် စောင့်ရှောက်ရေး လုပ်ငန်းကော်မတီ (၁/၂ဝ၂၂) ညှိနှိုင်းစည်းဝေး

ဆက်လက်ဖတ်ရှုရန်

Sep 30, 2022

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည်။ ပြည်သူအများစုမှာ စိုက်ပျိုးရေးကို အခြေခံသည့် ထုတ်ကုန်များဖြင့် အလုပ်အကိုင်နှင့် လူမှုစီးပွားဘဝ အဆင်ပြေအောင် ဆောင်ရွက်ကြသည်။ စားသောက်ကုန် သီးနှံများမှာ မြန်မာနိုင်ငံတွင် လောက်ငဖူလုံ ပိုလျှံသဖြင့် ပြည်ပသို့လည်း တင်ပို့နိုင်သည်။ စိုက်ပျိုးရန် ရေ၊မြေနှင့် စိုက်ပျိုးစွမ်းအားများ ရှိသဖြင့် စားသောက်ကုန် သီးနှံများသာမက စက်မှုကုန်ကြမ်း သီးနှံများကိုလည်း တိုးတက် စိုက်ပျိုးထုတ်လုပ် ကြရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2022

လာမည့် အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့၏ ဆောင်ပုဒ်မှာ “သက်ကြီး အမျိုးသမီးများရဲ့ စွမ်းပကား တို့များအလေးထား” (The Resilience and Contributions of Older Women) ဟူ၍ ဖြစ်သည်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင် ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ လူ့အဖွဲ့အစည်း များတွင် ထိခိုက်ဆုံးရှုံးမှု များစွာ ဖြစ်ပေါ်ခဲ့ရာ သက်ကြီးရွယ်အိုများ၏ ရှင်သန်နေထိုင်မှုတွင် လည်း ဆိုးရွားသည့် သက်ရောက်မှုများ ရှိခဲ့သည်။ အထူးသဖြင့် အမျိုးသမီးသက်ကြီး ရွယ်အိုများ အပေါ်တွင် ပိုမို၍ ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2022

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် မန္တလေး စက်မှုဇုန် အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရတနာပုံခန်းမ၌ တွေ့ဆုံ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆွေးနွေး ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2022

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့ အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များသည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2022

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့၊ စက်မှုဇုန်(၁)အတွင်း ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်