Oct 24, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်အတွင်း ဘုန်းတော်ကြီးကျောင်း များ၌ သံဃာတော်များ ဆွမ်းဆန်တော်အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား နှင့် ကုလားပဲများအား ဆက်ကပ်လှူဒါန်းလျက်ရှိရာ
Oct 24, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Oct 24, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Oct 24, 2022
ကချင်ပြည်နယ် ပူတာအိုခရိုင်၌ လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် မဲစာရင်းမှန်ကန်ရေးစိစစ်ဆောင်ရွက်ခြင်းနှင့် မဲရုံလျာထားသတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်းများ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည်။
Oct 24, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ လမ်းဦးစီးဌာနညွှန်ကြားရေးမှူး(မြို့ပြ)ရုံးတွင် အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
Oct 24, 2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တောင်အာဖရိကနိုင်ငံရွေးကောက်ပွဲကော်မရှင်နှင့် Association of World Election Bodies (A-WEB) တို့၏ ဖိတ်ကြားချက်အရ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့၌ အောက်တိုဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် (၅)ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးအောင်စောဝင်း၊ ဦးစောဘလှိုင်၊ ဦးအောင်လွင်ဦး၊ ဦးကိုကိုလွင်နှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။
Oct 24, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပုပ္ပားထပ်ဆင့်လွှင့်စက်ရုံမှူးတို့အား တွေ့ဆုံမှာကြားသည်။
Oct 24, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ချမှတ်အကောင်အထည်ဖော်ပြီး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အကောင်အထည်ဖော်ရာတွင် စီးပွားရေးသည် အခြေခံကျသော အရေးကြီးသည့်အချက်ဖြစ်သည်။ စီးပွားရေးကောင်းမွန်ပါမှ အမျိုးသားရေးရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် အလေးထားဖော်ဆောင်နေသည်ကို တွေ့ရမည်။
Oct 24, 2022
ဆရာတော်- သာသနာဆိုသည် အဘယ်နည်း။ ဆုံးမတတ်သလော၊ ဆုံးမအပ်သလော။ ဆုံးမကြောင်းဖြစ်သလော သိသာအောင်အမိန့်ရှိတော်မူပါဟူသော အလောင်းမင်းတရား၏ အမေးပုစ္ဆာကို သဒ္ဒါအလိုအားဖြင့် ဆုံးမတတ်သည်လည်းသာသနာမည်၏။ ဆုံးမအပ်သည်လည်း သာသနာမည်၏။ ဆုံးမကြောင်းသည်လည်း သာသနာမည်၏ဟူ၍ အတုလဆရာတော်က ဖြေကြားခဲ့သည်။
Oct 23, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။